မင်းသွေးနဲ့ အမှတ်တရတွေလည်း ပြောပြလာပါတယ်။

ဖွေးဖွေးတစ်ယောက် မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ကိုယ်တိုင်လည်း သင်ခန်းစာတွေအများကြီးရခဲ့တယ်လို့ ဆိုပါ တယ်။ ဇာတ် ကောင် ကာရိုက်တာ ပီပြင်မှုကလည်း သူ့ရဲ့ အပြင်က ပုံစံအတွက် ရင့်ကျက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။



 

ပရိသတ်အချစ်တော် ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ် လို့ သိရပါတယ်။ ဒီဇာတ်ကား ရိုက်နေတဲ့ အချိန်မှာလည်း ဖွေးဖွေးက သူကိုယ်တိုင် သင်ခန်းစာရခဲ့တဲ့ အတွေ့အကြုံတွေကို မီဒီယာတွေကနေ တဆင့် ပြောပြခဲ့ပါတယ်။

'' အပြင်က ဖွေးဖွေးကာရိုက်တာက အငြိုးတွေဘာတွေ သိပ်မထားတတ်ဘူး။ ဒါပေမယ့် မကျေနပ်တာတွေတော့ ရှိတယ်ပေါ့။ မုန်းစွဲ ဇာတ်ကား ရိုက်နေတဲ့အတွင်းမှာဘဲ ကိုယ်က မုန်းစွဲ စွဲနေတဲ့ မသဲအုံ အဖြစ် သရုပ်ဆောင်ရတာ ကိုယ်လည်း မကျေနပ်တာတွေရှိပြီး သူများကို အမြင်ကပ် နေလို့ရှိရင် ကိုယ်ပဲ အမြင်ကပ်စွဲ စွဲသွားမှာပေါ့နော်။ မုန်းတဲ့အဆင့်အထိတော့ မရောက်သေးဘူးပေါ့'' လို့ ဆိုပါတယ်။

Photo: မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး

 

ဖွေးဖွေးက မုန်းစွဲ ဇာတ်ကားထဲက မသဲအုံ ကာရိုက်တာဟာ အပြင်က ဖွေးဖွေး ရဲ့ ကာရိုက်တာအတွက် စိတ်အနေအထားပိုင်းမှာ ရင့်ကျက်စေ ခဲ့တယ်လို့ ဆိုပါတယ်။ ဇာတ်ကောင်ပုံစံကို ကြည့်ပြီးတော့လည်း သံဝေဂရခဲ့တဲ့ အကြောင်းကို နိုဝင်ဘာလ ၉ ရက်နေ့ ညက မုန်းစွဲ ဇာတ်ကား အထူးပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဒီဇာတ်ကားရိုက်ပြီးတော့ ငါရအောင်ခွင့်လွှတ်ရမယ်ပေါ့၊ ဒီဇာတ်ကားထဲမှာ ငါ့ပုံကြီးက ပူလောင်ပြီးတော့ စိတ်ညစ်စရာကောင်းတယ် ပေါ့ နော်။ ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ တရားလည်းရတယ်။ ရှေ့ဆက်ပြီးတော့လည်း စိတ်ထားဖို့ ပိုတက်သွားတယ်။ ဒီကားရိုက်တာ ဖွေးအတွက် အပြင်နေထိုင်မှုလောကမှာ သင်ခန်းစာရတယ်ပေါ့နော်'' လို့ ဆက်လက်ပြောပြထားပါတယ်။

စင်ကာပူ နဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်တည်းပြသသွားမယ့် မုန်းစွဲ 

Photo: မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသွေးကို အရမ်းမုန်းတဲ့ မသဲအုံ အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ မင်းသွေးနဲ့ အမှတ်တရ တွေ ရှိခဲ့တဲ့ အကြောင်းကိုလည်း ဖွေးဖွေးက အခုလို ပြောပြလာပါသေးတယ်။

'' သူက ရိုက်ကွင်းပေါ်မှာလည်း ကာရိုက်တာအတိုင်းနေတယ်။ ဖွေးနဲ့ကလည်း ရုပ်ရှင်တွေမှာ စုံဖြစ်တာ အရမ်းရှားတယ်။ ဗီဒီယို တစ်ကား လောက်ပဲ ရိုက်ဖူးတာ။ ဒါက ဒုတိယအကြိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆုံဖြစ်တာပေါ့။ သူလည်း လုပ်ကွက်အရမ်းရပါတယ်၊ ဒီလို စောစောစီးစီး ကြွေလွှင့်သွားလိမ့်မယ် လို့တော့ မထင်ထားခဲ့မိပါဘူး'' လို့ သူကဆိုပါတယ်။

Photo: မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က