ဆံပင်အလှူ ကုသိုလ်လေးပါ။

နန်းစန္ဒာလှထွန်းက သူပြုလိုက်တဲ့ ကုသိုလ်အလှူကြောင့် အရမ်းကို ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီအလှူလေးကတော့ ၅  နှစ်ကြာအရှည် ထားခဲ့ရတဲ့ ဆံပင်လေးကို လှူဒါန်းလိုက်တာပါ။

Photo: နန်းစန္ဒာလှထွန်း

 

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကို ပရိသတ်တွေက ခပ်အေးအေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဆံပင်ရှည်ရှည်လေးနဲ့ ကလေးဆန်ဆန် ကောင်မလေးတစ်ယောက်အဖြစ် ပိုသတိထားမိကြတာများပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဆံပင်ရှည်လေးကို ကုသိုလ်ယူ လိုက်တယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကိုယ်တန်ဖိုးထားပြီးတော့မှ မြတ်မြတ်နိုးနိုးထားလာတဲ့ ဆံပင်ကို ကိုယ်ညှပ်လိုက်တဲ့အခါကျရင် အကျိုးရှိတဲ့ အရာတစ်ခုတော့ လုပ်ချင်စိတ် အမြဲရှိတယ်။ သူငယ်ချင်းတွေဆို နောက်ကျတယ် ဆံပင်ညှပ်ပြီး သူတို့ကိုပေးပါလားပေါ့နော်။ မပေးနိုင်ဘူး ဘုရားလှူမှာပေါ့။ ပြီးတော့ ကိုယ်သေသေချာချာ ၅ နှစ်လောက် ထားလာရတာလေ'' လို့ ဆိုပါတယ်။

Photo: နန်းစန္ဒာလှထွန်း

သရုပ်ဆောင်လုပ်တော့မယ့် နန်းစန္ဒာလှထွန်း 

တန်ဖိုးထားရတဲ့ ဆံပင်ကို အလှူလုပ်ခွင့်ရခဲ့တဲ့ ဝမ်းသာပီတိစကားကိုလည်း နန်းစန္ဒာလှထွန်းက ဆက်လက်ပြောပြခဲ့ပါတယ်။ ဆံပင်ညှပ်နေတဲ့ အချိန်မှာလည်း တစ်စက်ကလေးမှ ဝမ်းနည်းမှုမဖြစ်ခဲ့ဘူးလိ့ု နိုဝင်ဘာလ ၄ ရက်နေ့က Vivo Showroom ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

''အရမ်းပျော်တာပဲ ဒီအပျော်ကလည်း လှူရတဲ့ ပီတိလားမသိဘူး။ ဆံပင်ညှပ်တဲ့အချိန်မှာလည်း Hair ဒီဇိုင်နာကိုပြောတယ်။ ဆံပင်က လှူမှာ ဖြစ်တဲ့အတွက် အရှည်အတိုင်းကိုပဲ လိုချင်တာဆိုတော့။ သူညှပ်ချလိုက်တဲ့အချိန်မှာလည်း ကိုယ်ရဲ့ စိတ်ထဲ ဘယ်လိုမှ မနေဘူး ပျော်ကို ပျော်နေတာ'' လို့ သူကပြောပါတယ်။

Photo: နန်းစန္ဒာလှထွန်း

 

နန်းစန္ဒာလှထွန်းဟာ အလှူအတန်းနဲ့ ပတ်သက်ပြီး သူတတ်နိုင်သလောက် လုပ်ခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ မကြာခဏဆိုသလို သူကိုယ်တိုင်ကလည်း အလှူအတန်းတချို့မှာ ဆောင်ရွက်နေသူဖြစ်ပါတယ်။သူမက အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲ တွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါပြီ။

Photo: နန်းစန္ဒာလှထွန်း

 

Miss Myanmar world 2015 2nd Runner up ရရှိထားတဲ့  နန်းစန္ဒာလှထွန်းက သရုပ်ဆောင်ဘက်ကို ကူးပြောင်းနေပြီလို့ သိရပါတယ်။ အခု ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားရတာမျိုးတော့ မရှိသေးပေမဲ့ အားလုံးက လက်တွဲခေါ်တဲ့အတွက် အဆင်ပြေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က