တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတာ။

အိမ်ထောင်ရှင် အဖြစ်သို့ ရောက်ရှိလာတဲ့ စန္ဒီမြင့်လွင်ဟာ ခင်ပွန်းအပေါ် ပြောင်းလဲလာတဲ့ စိတ်ထားလေးတွေကို ယခုလို ပြောပြခဲ့ပါသေးတယ်။

Photo : စန္ဒီမြင့်လွင် FB

 

ရှေ့သွားနောက်လိုက်ညီလွန်းလှတဲ့ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့စုံတွဲဟာ ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပြီး အရမ်းကို Ro တတ်ကြတဲ့ ဇနီးမောင်နှံပါ။ အိမ်ထောင်ရှင် အဖြစ်သို့ ရောက်ရှိလာတဲ့ စန္ဒီမြင့်လွင်ဟာ ခင်ပွန်းအပေါ် ပြောင်းလဲလာတဲ့ စိတ်ထားလေးတွေကို ယခုလို ပြောပြခဲ့ပါသေးတယ်။

"သူ့အပေါ်က အရင်တုန်းကကျတော့လည်း ရည်းစားပေ့ါနော်။ ချစ်သူပေ့ါ။ အိမ်ထောင်ကျသွားတော့ ချစ်သူ ခင်ပွန်းဆိုတာထက် မောင်နှမ တွေလိုမျိုး ဖြစ်လာတယ်။ အားကိုးစရာ ကိုယ့်အကိုလိုမျိုး ကိုယ့်အဖေလိုမျိုး အရမ်းလည်း အားကိုးလာတယ်။ အရာရာ သူ့ကို ပိုအားကိုးလာလို့ စိတ်ကို ပြန်လျော့နေရတယ်။ မဟုတ်ရင် မလွယ်ဘူးလေ" ဆိုပြီး နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ AX Fall Winter Collection မှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ ပိုးထည်တိုက် ဖွင့်ထားတဲ့ စန္ဒီမြင့်လွင်တစ်ယောက်ကို ခင်ပွန်းဖြစ်သူက ဘေးက နေလိုသေးမရှိအောင်လို့လည်း ပံ့ပိုးပေးတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး စန္ဒီမြင့်လွင်က ယခုလိုပြောပြခဲ့ပါတယ်။

"ခင်ပွန်းက အားပေးတယ်။ စိးပွားရေးနဲ့ ပတ်သက်ပြီး အနောက်ကနေ အားလုံး ပံ့ပိုးပေးတယ်။ သူလည် သူ့စီးပွားရေးလုပ်ငန်းနဲ့ ဖြစ်နေတော့လေ။ အကုန်လုံးတော့ ဝင်မပါနိုင်ပေမယ့် အကြံပေးတာတွေ  ဘာတွေတော့ ရှိတယ။် ဒါပေမယ့် ကိုယ်တွေကလည်း ဒီဘက်မှာ ညီအစ်မတွေ အကုန်လုံး စုပြီး လုပ်ကြတော့ သိပ်ပြီး လုပ်ပေးစရာတော့ မရှိပါဘူး။ သူကအားပေးတယ်" ဆိုပြီး ဆက်လက်ပြောပြခဲ့ပါသေးတယ်။

သီတဂူဆရာတော်ကြီးကို ဝါဆိုသင်္ကန်း လှူခွင့်ရလို့ ပီတိဖြစ်နေတဲ့ စန္ဒီမြင့်လွင် 

စန္ဒီမြင့်လွင်အနေနဲ့ လက်ရှိမှာ ပိုးထည်တိုုက်ဘက်မှာ အချိန်ပေးဖြစ်နေသလို သူမရဲ့ ပရိသတ်တွေအတွက် သီချင်းခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

"ဂီတပိုင်းကတော့ သီချင်းလေး တွေကတော့ အယ်လ်ဘမ်ပဲ ထုတ်ချင်တဲ့စိတ်ရှိတယ်။ အဲ့တော့ အယ်လ်ဘမ်ပဲ ထုတ်ရင်ကောင်း မလား သီချင်းတစ်ပုဒ်ချင်းစီ ဘယ်လိုပြန်ထုတ်ရင် ကောင်းမလဲဆိုတာ စဉ်းစားနေတယ်။ ဒီးဒီးရှိုးပွဲလေးတွေ ဆိုဖြစ်တယ်။ နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ရန်ကုန်ပရိသတ်တွေအတွက်ကတော့ သီတင်းကျွတ်မှာ ဆိုဖြစ်တယ်။ ဒီးဒီကတော့ ပွဲကြီးပွဲကောင်း မှာ အင်တိုက်အား တိုက်နဲ့ ဆိုချင်ပါသေးတယ်။ " ဆိုပြီး သူမရဲ့ ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်း ပပြုလုပ်ခဲ့ပါ တယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က