တကယ်ကို လေးစားဖို့ကောင်းပါတယ်။

မေမြင့်မိုရ် တစ်ယောက် ဝါရင့်သရုပ်ဆောင်ကြီး ဦးကျော်သူနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတဲ့အပေါ် ဝမ်းသာမိတဲ့ အကြောင်း ပြော ပြလာပါတယ်။ အနုပညာအလုပ်အပေါ် တိကျသေချာလွန်းတဲ့ ဦးကျော်သူ နဲ့ ရင်းနှီးမှုတွေကိုလည်း ဆက်လက်ပြောပြ ထားပါ သေး တယ်။

 

သရုပ်ဆောင်မေမြင့်မိုရ်ဟာ ဝါရင့်သရုပ်ဆောင် ဦးကျော်သူနဲ့အတူ ဇာတ်လမ်းတွဲတွေ ရိုက်ခွင့်ရတဲ့အပေါ်မှာ ဝမ်းသာပီတိစကားပြောပြလာပါ တယ်။ ဦးကျော်သူကိုယ်တိုင် ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ''ပုဂံမြို့သူ'' ဇာတ်လမ်းတွဲရိုက်တုန်းက အတွေ့အကြုံကောင်းတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ဦးမောင်ကလေ တကယ်ကိုတော်တဲ့သူပါ။ ညီမတို့ အိုက်တင်တွေကိုလည်း မကောင်းရင် မကောင်းဘူးပြောတယ်။ ထပ်ထည့်သင့်ရင် ထပ် ထည့်ရမယ်။ ပြီးတော့ ဒီဇာတ်ဝင်ခန်းကောင်းရင်လည်း ကောင်းတဲ့အကြောင်း ချီးကျူးတယ်။ ဦးမောင်ရဲ့ စကားတွေက အမြဲတမ်း အားဖြစ် နေတယ်ပေါ့နော်'' လို့ဆိုပါတယ်။

 

အလုပ်လုပ်တဲ့နေရာမှာလည်း တိကျသေချာတဲ့ ဦးကျော်သူရဲ့ အကြောင်းတွေကို မေမြင့်မိုရ်က ဆက်လက်ပြောပြလာပါတယ်။ အဲ့ဒီနောက် ပရဟိတအကြောင်းတွေကိုလည်း ဗဟုသုတ တစ်ခုအနေနဲ့ လေ့လာခွင့်ရခဲ့တယ်ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့က ၁၀၁၄ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့ပါသေးတယ်။

'' ဦးမောင် နဲ့ကလည်း မိသားစုလို အဖေလို၊ ဆရာလို ဖြစ်နေပြီဆိုတော့ ဦးမောင်ကိုလည်း ချစ်တယ်။ ပုဂံမြို့သူ ဇာတ်ကားရိုက်တုန်းကဆို ဟိုတယ်တစ်ခုမှာပဲ တည်းကြတာဆိုတော့ ညဘက်ဆိုရင် ဇာတ်ကားအကြောင်းတွေပြောတယ်။ ပရဟိတအကြောင်းတွေပြောကြရင်း ရင်းနှီးသွားကြတာပေါ့။ ပညာလည်းရတယ်'' လို့ ဖြေဆိုခဲ့ပါတယ်။

အသက် ၂၃ နှစ်ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ မေမြင့်မိုရ် 

Photo: မေမြင့်မိုရ်ဖေ့စ်ဘွတ်

 

ဦးကျော်သူကိုယ်တိုင် ပထမဦးဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲကို လက်ရှိMRTV-4 ရုပ်သံလိုင်းမှာ ပြသ လျှက် ရှိပါတယ်။ အဲ့ဒီနောက် မေမြင့်မိုရ် က ၁၀၁၄ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်တောင်နေတာဖြစ်ပါတယ်။

'' အဓိက က ညီမတို့ ပုဂံခေတ်ထက်စောတဲ့ အရည်းကြီးခေတ်လောက်ကိုရိုက်မှာ။ ဗုဒ္ဓဘာသာကို အခြေပြုတဲ့ ကားလေးပေါ့နော်။ ထူးထူး ခြားခြားလည်းဖြစ်တယ်။ ကိုယ်လည်း တစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာ မျိုးလေးဆိုတော့ ပရိသတ်လည်း ကြိုက်မယ်ထင်တယ်။ ညီမတို့ ဗုဒ္ဓဘာသာလူမျိုးတွေအတွက်လည်း ဒီကားလေးက အမှတ်တရရှိစေမယ့်ကားလေးလို့ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မေမြင့်မိုရ်ဖေ့စ်ဘွတ်

 

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က