စာရေးဆရာမကြီး ကြည်အေးနဲ့ ခင်ခင်ထူးတို့ရဲ့ ဝတ္ထုတွေပါ။

ခရစ္စတီးနားခီက စာရေးဆရာမကြီး ကြည်အေး နဲ့ ခင်ခင်ထူး တို့ရဲ့ ဝတ္ထုကောင်းတွေကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော် အသက် သွင်းဖို့ ပြင် ဆင် နေပြီလို့ သိရပါတယ်။ အောင်မြင်တဲ့ ဝတ္တုကောင်းတွေကို ရုပ်ရှင်ဇာတ်ကားအဖြစ်ဖန်တီးမယ့် ဒါရိုက် တာ တစ်ယောက်ရဲ့ ကြိုးစားမှုကို လည်း ပြောပြခဲ့ပါသေးတယ်။



 

ဒါရိုက်တာ ခရစ္စတီးနားခီက စာရေးဆရာမကြီး ကြည်အေးရဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ '' မောင်၊ ကိုကိုနဲ့မြနန္ဒာ'' ဆိုတဲ့ ဝတ္ထုနဲ့အတူ စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ '' တောမင်းသမီး'' ဆိုတဲ့ ဝတ္ထုစာအုပ်တွေကို ရုပ်ရှင်ရိုက်ကူးဖို့အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းက ဝယ်ယူလိုက်ပြီလို့ သိရပါတယ်။

'' ဒီနေ့ရောင်းကောင်းတယ်ဗျ။ ခရစ္စတီးနားခီက သူ့ Central Base Productions အတွက် ဆရာမကြီး ကြည်အေးရဲ့ (မောင်၊ ကိုကိုနဲ့မြနန္ဒာ)၊ ဆရာမခင်ခင်ထူးရဲ့(တောမင်းသမီး)တို့ကို ရုပ်ရှင်ရိုက်ဖို့ ဝယ်သွားပါတယ်'' ဆိုတာကို ဦးဝင်းငြိမ်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ညနေ ၃ နာရီခွဲ က တင်ခဲ့တာဖြစ်ပါတယ်။

 

အောင်မြင်တဲ့ စာရေးဆရာမကြီးတွေဖြစ်တဲ့ ကြည်အေး နဲ့ ခင်ခင်ထူး တို့ရဲ့ ဝတ္ထုကောင်းတွေကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးချင်တဲ့ ဆန္ဒ ကတော့ အရင်ကတည်းက ရှိတယ်ဆိုတာကို ခရစ္စတီးနားခီက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း ရိုက်ကူးနေတဲ့ ဇာတ်ကားတွေရှိသေးတယ်ဆိုတာကို နိုဝင်ဘာလ ၁ ရက်နေ့ ညက မီရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ပြောပြခဲ့တာပါ။

'' ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကိုယ့်အိုင်ဒီယာတွေကလည်း အများကြီးကျန်နေတာတွေရှိသေးတော့ ရိုက်ချင်သေးတာတွေရှိတယ်။ ဆရာမကြီး ကြည်အေးတို့၊ ဆရာမကြီးခင်ခင်ထူးတို့ ဇာတ်လမ်းတွေတော့ ရိုက်ချင်တယ်။ အခုထိတော့ မဝယ်ဖြစ်သေးဘူးပေါ့နော်။ တခြား ဇာတ်လမ်းတွေကလည်း ကိုယ့်လက်ထဲမှာ ကျန်နေသေးတယ်'' လို့ ဖြေဆိုထားတာဖြစ်ပါတယ်။

အလုပ်ခွင်မှာဆို အမြဲတမ်းရန်ဖြစ်နေတာဆိုတဲ့ ဇဏ်ခီနဲ့ခရစ္စတီးနားခီ 

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

 

ခရစ္စတီးနားခီက ဝတ္တုကောင်းတစ်ပုဒ်ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးရင် တာဝန်ကြီးတယ်လို့ ဆိုပါတယ်။ မူရင်းရေးသားသူက ပရိသတ်ကို ပေးချင်တဲ့ သင်ခန်းစာကို ရုပ်ပုံတွေနဲ့ ဖန်တီးရတာ မလွယ်ဘူးလို့လည်း ဆက်လက်ပြောပြထားပါတယ်။

''အဓိက ကတော့ ဝတ္ထုတစ်ပုဒ်ကို ဖတ်ရင် စာရေးသူက ဘယ်လို မက်ဆေ့ချ်ကို ပေးချင်သလဲ၊ ဘယ်လို ရသမျိုးပေးချင်သလဲဆိုတာ သူ့မှာ ရှိကို ရှိပြီးသားကို သိတယ်။ အချစ်ပဲဖြစ်ဖြစ်၊ အလွမ်းပဲဖြစ်ဖြစ်၊ သာမာန် တစ်ခုခု သူရေးထားတာကို ပုံစံမပျက်အောင် နောက်တစ်ခုက ဝတ္ထု အတိုင်းရိုက်လို့မရဘူး'' လို့ သူကဆိုပါတယ်။

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

 

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က