တကယ်ကို ပျော်စရာကောင်းတဲ့မိသားစုပါ။

ကျော်ကျော်ဗိုနဲ့ ချစ်ဇနီးချော ဇင်ဇင် တို့ရဲ့ ၁၁ နှစ်ကြာ အိမ်ထောင်သက်တမ်း အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ အခု ချိန် မှာတော့ ချစ်စရာကောင်းတဲ့ သမီးချောလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။



 

သရုပ်ဆောင် ကျော်ကျော်ဗို က လက်ရှိမှာ ဇနီးဖြစ်သူ ဇင်ဇင်နဲ့ အိမ်ထောင်သက်တမ်း ၁၁ နှစ်ရှိပြီလို့ သိရပါတယ်။ ခိုင်မာတဲ့ မိသားစု တစ်ခု ဖြစ်ဖို့ကလည်း အိမ်ထောင်ဦးစီးဖြစ်သူရဲ့ တာဝန်ကပိုများတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း နားလည်မှုတွေထားရတယ်လို့ Duwun Media ကနေပြောပြထားပါတယ်။

'' သူစိမ်းနှစ်ယောက် ပေါင်းဖက်တဲ့နေရာမှာ အစစအရာရာ ဂရုစိုက်ဖို့လိုတယ်။ မောင်နှမအရင်းတွေတောင် သဘောထားချင်းထပ်တူ ကျဖို့ ဆိုတာ မလွယ်ဘူး။ သူစိမ်းနှစ်ယောက်ဆိုတာကလည်း ကိုယ်မေတ္တာရှိလို့ပေါင်းဖက်ထားတာဖြစ်တဲ့အတွက် အစစအရာရာဖေးမရမယ်။ နားလည်ရမယ်။ ကိုယ်နဲ့အသွင်မတူတာလေးတွေကို ညှိနှိုင်းသွားရမယ်။ ဒါက အဓိကကျတာပေါ့'' လို့ဆိုပါတယ်။

Photo:ကျော်ကျော်ဗို

 

ကျော်ကျော်ဗိုရဲ့ ချစ်ဇနီးချော မဇင်ဇင် ကလည်း အိမ်ထောင်တစ်ခု အေးချမ်းဖို့က ဇနီးတင်မကပဲ ခင်ပွန်းဖြစ်သူရဲ့ တာဝန်လည်းပါတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း အေးချမ်းသာယာတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားနိုင်တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့ ညက အဆိုတော် အာဇာနည် နဲ့ ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် ညစာစားပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

''အိမ်ထောင်တစ်ခုသာယာဖို့ဆိုတာ အမျိုးသမီးပဲလည်းမဟုတ်ဘူး။ အမျိုးသားကောင်းလို့လည်း ဒီလိုဖြစ်တာပါ။ နှစ်ယောက်စလုံးအပေးအယူ မျှမျှတတနဲ့ ရှေ့ဆက်သွားကြတာပါ။ အေးချမ်းပါတယ် စိတ်ချမ်းသာအောင်ထားတယ်။ အခုဆို အစ်မတို့ အိမ်ထောင်သက်တမ်း ၁၁ နှစ်ရှိ နေပြီ။ ဒီအချိန်ထိ ဒီလိုမျိုးလေး အေးအေး ဆေးဆေးနဲ့ ခိုင်မြဲနေတာ ဒါက စိတ်ချမ်းသာလို့ပေါ့'' လို့ဆိုပါတယ်။

Photo:ကျော်ကျော်ဗို

 

အနုပညာရှင်တစ်ယောက်ရဲ့ မိသားစုအရေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း၊ စံပြနေရာ ထားခြင်းတိ့ုလည်း ခံရတယ်လို့ ကျော်ကျော်ဗိုကဆိုပါတယ်။ ဒါကြောင့်လည်း မိသားစုအပေါ် ပိုပြီးတော့ ဂရုစိုက်ဖြစ်တယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' သူများတွေထက် စာရင်တော့ ပိုပြီးတော့ ထင်သာမြင်သာရှိနေတာပေါ့နော်။ ပရိသတ်တွေကလည်း ရှိနေတော့ အနုပညာသမား တစ် ယောက် အနေနဲ့ သူတို့ရဲ့ စံပြတစ်ယောက်ဖြစ်အောင် နေရတာပေါ့။ တချို့ကျတော့လည်း ကိုယ်တွေကို အားကျနေတာဆိုတော့ အမှား အယွင်းကတော့ သူများတွေထက် နည်းသထက် နည်းအောင်နေရတာပေါ့'' လို့ သူကပြောပါတယ်။

ကိုယ့်ကြောင့် ဆေးလိပ်ဖြတ်ချင်သူ များသွားတယ်ဆိုတဲ့ ကျော်ကျော်ဗို  

Photo:ကျော်ကျော်ဗို

 

သရုပ်ဆောင်ကျော်ကျော်ဗိုနဲ့ ဇင်ဇင်တို့က လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦးပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရသူဖြစ်ပြီး သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ်တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က