''ခင့်မှာတမ်း'' ကို ပြန်လည် သရုပ်ဖော်ထားတာပါတဲ့။

နီနီခင်ဇော်က သူ့ရဲ့ '' ခင့်မှာတမ်း'' သီချင်းလေးကို ထိပ်ထားသခင်က ပြန်လည်ပုံဖော်ထားတဲ့အတွက် အင်မတန်ကို သဘောကျ မိတဲ့ အကြောင်း ပြောပြလာပါတယ်။ ဒီအတွက်လည်း အံ့သြဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။



Photo: ထိပ်ထားသခင်ဖေ့စ်ဘွတ်

 

အဆိုတော် နီနီခင်ဇော်ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ ''ခင့်မှာတမ်း'' ဆိုတဲ့ ဗီဒီယိုဖိုင်လေးကို ကလေးသရုပ်ဆောင် ထိပ်ထားသခင်က ပြန်လည် ရိုက်ကူးထားတဲ့အပေါ် အရမ်းသဘောကျနှစ်သက်တယ်လို့ ဆိုပါတယ်။ ထိပ်ထားသခင်အပေါ် သူ့ရဲ့ ထင်မြင်ချက်ကိုလည်း မီဒီယာ တွေကနေတဆင့်ပြောပြလာပါတယ်။

'' ကလေးဗားရှင်း ထွက်လာတော့ နီနီက ချစ်တာပေါ့နော်။ သူတို့တွေကကျတော့ သိတတ်ပြီးတော့ လုပ်မှာမဟုတ်ဘူး။ သူက တကယ်ကို စိတ်ထဲမှာရှိတဲ့ အရင်းခံနဲ့ကို လုပ်တာဆိုတော့ သဘောကျတယ်။ ထိပ်ထားကလည်း အနုပညာရှင်တော်တော်များများကို ချစ်ပါတယ်။ ဒါပေမယ့် သူက ကလေးတစ်ယောက်မှာ ရှိရမယ့် IQ ထက် အရမ်းမြင့်နေတာ''လို့ ဆိုပါတယ်။

Photo: ထိပ်ထားသခင်ဖေ့စ်ဘွတ်

 

နီနီခင်ဇော်ရဲ့ '' ခင့်မှာတမ်း'' ဆိုတဲ့ ဗီဒီယို ဖိုင်လေးကို ''ထိပ်မှာတမ်း'' ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သရုပ်ဆောင်ခဲ့တဲ့ ထိပ်ထားသခင်ရဲ့ ဗီဒီယို ဖိုင်လေးကို ပရိသတ် များ စွာတို့က အားပေးကြည့်ရှုခဲ့ကြပါတယ်။ သူကိုယ်တိုင်ကလည်း ထိပ်ထားလေးရဲ့ ကြိုးစားမှုတွေကို အံ့သြချီးကျူး မိတယ် လို့ နိုဝင်ဘာလ ၉ ရက်နေ့ညက '' မုန်းစွဲ'' ရုပ်ရှင်အထူးပွဲကိုလာရင်း ပြောပြခဲ့တာပါ။

'' သူ့အမေက နီနီ့ကို မက်ဆေ့ချ်ပို့တယ်။ ထိပ်ထားကတဲ့ သူရိုက်ခိုင်းတာ ရိုက်ပေးတာမဟုတ်ဘူးတဲ့။ မေမေ သမီးက ဒီလိုရိုက်ချင်တယ် ဆိုတော့ အိမ်မှာရှိတဲ့ စန္ဒယားလေးတွေ၊ ပစ္စည်းလေးတွေချ ပြီးတော့ နီနီ့ရဲ့ မျက်နှာခြေလေးရယ်။ သူ့ဘာသာ ဆိုပြီး သူ့ဘာသာလုပ်သွားတာ အစအဆုံးပေါ့။ မေမေ ဒီလိုရိုက်၊ ဒီလိုရိုက် ဆိုတာလည်း သူ့ဘာသာပြောတာ'' လို့ သူကဆိုပါတယ်။

ချစ်သူက အရမ်းချောလို့ ထုတ်မပြသေးတဲ့ နီနီခင်ဇော် 

Photo: ထိပ်ထားသခင်ဖေ့စ်ဘွတ်

 

နီနီခင်ဇော်က သူ့ရဲ့ ဗီဒီယို ဖိုင်လေးတွေကို ချစ်ခင်အားပေးတဲ့ အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ကြသူတွေကို အရမ်းချစ်မိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့ မိန်းကလေးအစစ်တစ်ယောက်က ပြန်လည်ရိုက်ကူးတာတော့ မတွေ့ရသေးဘူးလို့ ဆက်လက်ပြောပြ ထားပါတယ်။

'' များသောအားဖြင့်ကလေ မိတ်ကပ်ဆရာမတွေရိုက်တာ များတယ်။ သူတို့လည်း ကြိုက်ကြတာပေါ့နော်၊  ချစ်တယ် အရမ်း အဲ့ဒီလို ရိုက်ပေး ရင် နီနီအရမ်းသဘောကျတယ်။ နီနီ့ကို ပြောင်တာ မဟုတ်ဘူး ချစ်လို့ကို ရိုက်ပေးကြတာ။ မိန်းကလေးအစစ်က ရိုက်တာတော့ နီနီ မမြင်ဖူးသေးဘူး'' လို့ ဖြေဆိုခဲ့ပါသေးတယ်။

Photo: ထိပ်ထားသခင်ဖေ့စ်ဘွတ်

 

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလို သူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျှက်ရှိပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က