ပျိုးခင်းက မင်းသမီးလေးတွေ ဆုံဖြစ်ပါတယ်တဲ့။

အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေးတွေဖြစ်ကြတဲ့ ပိုင်ဖြိုးသု၊ ရွှေသမီး၊ ရတနာဗို နဲ့ ရွှေမှုံရတီ တို့ကတော့ မကြာခဏ ဆိုသလို ဆရာ တွေကို ဂါရဝပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ ဆရာတွေရဲ့ ဆုံးမစကားကိုလည်း ရတနာဗိုက အခုလိုပြောပြ လာ ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

အနုပညာပျိုးခင် ၂ ကနေ စင်တင်ပေးခဲ့ကြတဲ့ မင်းသမီး ၄ ယောက်ထဲကမှ ရတနာဗို က တပည့်တွေအပေါ် ဆရာတွေက ဖြစ်စေချင်တဲ့ ဆန္ဒ ကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ လက်ရှိမှာလည်း သူမအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး ပရိသတ် လက်ခံ ထားတဲ့ အနုပညာရှင်တစ် ယောက်ဖြစ်လို့နေပါပြီ။

''  ဆရာတွေ  အကုန်လုံးက ဗို တို့ အားလုံးကို ချစ်တယ်၊ ကြိုးစားစေချင်ကြတယ်၊ ဒီ့ထက်ပိုအောင်မြင်စေချင်ကြတယ်လို့ ယုံကြည်ပါတယ်။ ဘို က နည်းနည်း အနေအေးတေ့ာ သူတို့က သွက်စေချင်ကြတယ်။ ဒီ့ထက်ပိုပြီးတော့ လုပ်စရာ၊ ကြိုးစားစရာတွေရှိသေးတယ်ဆိုတာတော့ အမြဲ တမ်း အကြံပေးကြပါတယ်'' လို့ဆိုပါတယ်။

Photo: ရတနာဗိုဖေ့စ်ဘွတ်

တပည့်မလေးတွေ ဂါရဝပြုတဲ့အပေါ် ပီတိဖြစ်နေတဲ့ ခန့်စည်သူ 

သူမအနေနဲ့ အနုပညာပျိုးခင်းက ဘဝရဲ့ ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။ ဒီ့အတွက်ကြောင့်လည်း ဆရာတွေကို ကျေးဇူးတင်စကား အခုလို ပြောခဲ့ပါတယ်။

'' ပျိုးခင်းမှာ ပါဝင်ခွင့်ရခဲ့တယ်ဆိုကလည်းက ကိုယ့်ဘဝမှာ ကြီးမားတဲ့အခွင့်အရေး၊ ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုလို့ပဲ ယုံကြည်ထားတယ်။ ပြီး တော့ ဆရာတွေကိုလည်း အရမ်းကျေးဇူးတင်တယ်'' ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့က ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို တက် ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

လက်ရှိမှာတော့ အနုပညာပျိုးခင်း ၂ ကနောက်ဆုံးအနေနဲ့ စင်တင်ပေးခဲ့ကြတဲ့သရုပ်ဆောင်တွေကတော့ အနုပညာလမ်းကြောင်း ပေါ်မှာ အောင်မြင်တဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနေနိုင်ပြီဖြစ်ပါတယ်။ မကြာခဏဆိုသလို ဆရာတွေကိုလည်း သွားကန်တော့ဖြစ်တယ်လို့ ရတနာဗို က ပြောပါတယ်။

'' ဆရာတွေကိုတော့ ဗို တို့ ပျိုးခင်း ၂ က ၄ ယောက် စုစုပြီးတော့ သွားကန်တော့တာတွေရှိတယ်။ ရွှေတို့၊ မသု တို့ နဲ့တိုင်ပင်ပြီးတော့ သူတို့ အားတဲ့အချိန် ကိုယ်အားတဲ့အချိန်၊ ပြီးတော့ ဆရာတွေအားတဲ့ အချိန်သွားဖြစ်တယ်။ ၄ ယောက်စုပြီး ကန်တော့တာများတော့ ကိုယ်တွေ ၄ ယောက်ကို ချီးကျူးတာ၊ ဆုံးမတာ တွေလည်းရှိကြတယ်'' လို့ ဆိုပါတယ်။

Photo: ရတနာဗိုဖေ့စ်ဘွတ်

 

ရွှေသမီး၊ ပိုင်ဖြိုးသု၊ ရွှေမှုန်ရတီ၊ရတနာဗို တို့ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးခဲ့ကြတဲ့ မင်းသမီးလေးတွေဖြစ်ပါတယ်။ သူမတို့ ၄ ယောက်စလုံး ဟာ လက်ရှိ အနုပညာလောကမှာလည်း အောင်မြင်မှုရရှိနေကြသူတွေဖြစ်ပါတယ်။ ဒီထဲကမှ  ပိုင်ဖြိုးသုကလည်း 3 Girls ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က