ပရိသတ်တွေကို အကောင်းဆုံးတွေပဲ ပေးချင်တယ်တဲ့။

နှစ်ယောက်တွဲ သီချင်းလေးတွေ လုပ်ဖြစ်နေသလို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာကြောင့် အချိန်ကြာ နေသလို ဖြစ်နေတာလို့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက ပြောပါတယ်။

Photo : ဝါဆိုမိုးဦး FB

 

အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးက ပရိသတ်တွေ သီချင်းအသစ်တွေ နားထောင်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နှစ်ယောက်တွဲ သီချင်းလေးတွေ လုပ်ဖြစ်နေသလို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာကြောင့် အချိန်ကြာနေသလို ဖြစ်နေတာလို့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက ပြောပါတယ်။

Photo : ဝါဆိုမိုးဦး FB

 

"လက်ရှိ နှစ်ယောက်တွဲ သီချင်းလေးတွေ လုပ်ဖြစ်နေတယ်။ သီချင်းကို (၂) ပုဒ်(၃)ပုဒ်လောက် လုပ်ထားတာရှိတယ်။ အကောင်း ဆုံးပြန်ရွေးနေတာပေ့ါ။ ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်ချင်တယ်။ ပထမတုန်းကလည်း "မင်းကြိုက်တာလုပ်" ဆိုတဲ့ သီချင်း လေး လုပ်ထားတယ်။

ပရိသတ်တွေလည်း အားပေးကြတယ်။ အခုလည်းနောက်တစ်ပုဒ်ထွက်ဖို့က အရင်အပုဒ်နဲ့လည်း မတူချင် ဘယ်လိုပုံစံဆိုရင် ကောင်း မလဲ ထူးထူးခြားခြား လေး ဖြစ်အောင် စဉ်းစားနေတယ်။ ရွေးချယ်နေတယ်။အချစ်သီချင်းပဲ ဖြစ်မလား အပျော်သီချင်းပဲ ဖြစ်မလားဆိုတာ ထွက်လာရင်တော့ သိမှာပါ။ ဘယ်တော့ထွက်မလဲဆိုတာ ပရိသတ်တွေကို ပြန်ပြီး အသိပေးပါ့ မယ်လို့ " နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်တဲ့ AX ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ် ။

Photo : ဝါဆိုမိုးဦး FB

 

တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း Surprise လေးတွေ လုပ်တတ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတိုု့ စုံတွဲလေးက မကြာခင်မှာ ချစ်သူ သက်တမ်း (၃)နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။

"ကျွန်တော်တို့နှစ်ယောက် Relationship က သုံးနှစ်ပြည့်တော့မှာပါ။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာအမြဲတမ်း Surprise လေး တွေလုပ်ဖြစ်တယ်။ သူက မိန်းကလေးဆိုတော့ surprise ကြိုက်တယ်။ ကျွန်တော် လည်း လုပ်ပေးပါတယ်။ တက်နိုင်သလောက်တော့ လုပ်ပေးပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်း အတူတူရှိနေတာများတော့ Surprise လုပ်ရတာ လွယ်တော့မလွယ်ဘူးပေ့ါ။ ရှာကြံပြီးတော့ လုပ်ပေးရတာပေ့ါ"လို့ ဖြိုးလေးက ဆိုပါတယ်။

Photo : ဝါဆိုမိုးဦး FB

ချစ်သူသက်တမ်း (၂) နှစ်နဲ့(၁၀)လပြည့်ပြီဆိုလိုက်တဲ့ ဝါဆိုမိုးဦး 

ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ် ပါတယ်။ အခုချိန်မှာ လည်း ပရိသတ်အားပေးမှု ရရှိနေတဲ့ သူမဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေတာသလို ညီမဖြစ်သူ သင်ဇာကိုလည်း အနုပညာအလုပ်လုပ်ဖို့ လက်တွဲခေါ်လျက်ရှိပါတယ်။

သရုပ်ဆောင်ပိုင်းမှာရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမက  "မိုက်လား ပြောကြည့်" စီးရီးခွေကို ထွက်ရှိထားသူ လည်း ဖြစ်ပါတယ်။

Photo : ဝါဆိုမိုးဦး FB

 

အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့ သူမရဲ့ အချစ်ရေးကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုထဲက တစ်ခုပါ။ Snare အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဖြိုးလေးနဲ့မေတ္တာမျှနေတာဖြစ်ပါတယ်။ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချစ်သူသက်တမ်း(၃)နှစ်ပြည့်တော့မှာ ဖြစ်တဲ့  ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲကတော့ ပရိသတ်များရဲ့ အားပေးမှု ရရှိတဲ့ အတွဲလည်း ဖြစ်ပါတယ်။

အချစ်ရေးကလည်း အဆင်ပြေပျော်ရွှင်နေရတယ်တဲ့။သူတို့နှစ်ဦးဟာ ပရိသတ်တွေ အားပေးရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်သလို သူတို့စုံတွဲလေးကိုလည်း ပရိသတ်တွေက လိုက်ဖက်တယ်ဆိုပြီးတော့ မှတ်ချက်လေးတွေ ပေးထားကြပါတယ်။

Share

Loading Next Article...
က္က