အမှတ်တရတွေ ပြောပြလာပါတယ်။

မို့မို့မြင့်အောင် နဲ့ ဦးကျော်သူတို့ရဲ့ အမှတ်တရတွေကတော့ အနုပညာအလုပ်တွေ စလုပ်ကတည်းက အများကြီးရှိခဲ့တယ်လို့ မို့မို့မြင့်အောင် က ပြောပါတယ်။ စကားနည်းတဲ့ ဦးကျော်သူ ကိုယ်စား ရန်တွေလည်း ဖြစ်ပေးခဲ့ရတယ်လို့ သူမက ဆက်လက် ပြောပြထားပါတယ်။



Photo: မို့မို့မြင့်အောင်

 

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်က အနုပညာအလုပ်တွေ စလုပ်ကတည်းက ဦးကျော်သူနဲ့ ဇာတ်ကားအတူ အများဆုံး ရိုက်ဖြစ်တဲ့ အကြောင်း အမှတ်တရတွေကို ပြောပြလာပါတယ်။ အတွဲများလွန်းလို့လည်း ပရိသတ်တွေဆီက ခိုးပြေးတယ်ဆိုတဲ့ သတင်းထွက်တဲ့ အခြေအနေကို ကြုံခဲ့ဖူးတယ်လို့ Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သူနဲ့ကလေ ဇာတ်ကားရိုက်ရင်လည်း အများဆုံး၊ ပြက္ခဒိန်ဆိုရင်လည်း အများဆုံးရိုက်ဖြစ်တယ်။ မို့မို့မြင့်အောင်နဲ့ ကျော်သူ ခိုးပြေးတယ်လို့ တောင်အပြောခံရတာလေ။ ကိုမောင့်ရဲ့ သမီးအငယ်လေးက အင်တာနက်မှာတင်ထားတယ်တဲ့ သူ့ကျောင်းကဆရာမက မေးတယ်တဲ့ မို့မို့မြင့် အောင်နဲ့ ရတာလားပေါ့'' လို့ ဆိုပါတယ်။

Photo: မို့မို့မြင့်အောင်

 

ငယ်ရွယ်စဉ်အခါတုန်းကလည်း ရိုက်ကွင်းပေါ်မှာဖြစ်ခဲ့သမျှ ပြဿနာတွေကို အနုပညာအစ်ကိုဖြစ်သူ ကျော်သူ့အတွက် မို့မို့မြင့်အောင်က ရန်ဖြစ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တစ်ခါတလေဆို ဦးကျော်သူနဲ့ မတည့်တဲ့ အကြောင်းတွေကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့က ၁၀၁၄ ရုပ် ရှင်ကား ကန်တော့ပွဲမှာ ပြောပြထားပါတယ်။

'' ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ်တွေနှစ်ယောက် ဖိုက်ကြတာ။ ကိုယ်က စွာတော့ မမို့ပြောဦးဆိုတော့ ကိုယ်က အရှေ့ကနေ ဘာဖြစ်တယ်၊ ညာ ဖြစ်တယ် ပြောတာပေါ့နော်။ ကိုယ့်အစ်ကို ကို ထိလို့ ရန်ဖြစ်ပေးတာကလည်း ရှိသေးတယ်။ အသက်တွေကလည်း ငယ်သေးတော့ လူငယ်သဘာဝ လောဘ တွေ ဒေါသတွေလည်း ရှိခဲ့တာပေါ့'' လို့ ဖြေဆိုခဲ့ပါတယ်။

သူငယ်ချင်းအသစ်တွေနဲ့ ပျော်နေတဲ့ မို့မို့မြင့်အောင် 

Photo: မို့မို့မြင့်အောင်

 

မို့မို့မြင့်အောင် နဲ့ ဦးကျော်သူတို့ရဲ့ အကျင့်စရိုက်လေး ကွာခြားပုံကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။ အဲ့ဒီနောက် ဦးကျော်သူရဲ့ စိတ်နေ စိတ်ထားကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' သူက ထုံးစံအတိုင်း စကားနည်းတယ် မပြောဖြစ်ဘူး။ ဒါပေမယ့် သူပြောလိုက်ပြီဆိုရင်လည်း ပေါက်ကရ စကားတစ်လုံးက သူများထက်နာ အောင် စပြီသာ မှတ်လိုက်တော့။ ဓာတ်ပုံရိုက်ရင်တောင်မှ မို့မို့ရေတဲ့ ဒီ ကင်မရာမန်းနဲ့ ကင်မရာကို ပြာကျသွားအောင် ကြည့်ချလိုက်စမ်းပါတဲ့။ သူ့ ညီမရဲ့ မျက်လုံးအကြည့်တွေကို ယုံကြည်နေတာလေ''  လို့ ဆိုပါတယ်။

Photo: မို့မို့မြင့်အောင်

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က