အနုပညာရှင်တွေ အများကြီးပါဝင်ပါတယ်။

ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သွားမယ့် အနုပညာရှင်တွေရဲ့ စကားသံကို ပြောပြခဲ့ပါတယ်။ တကယ့်ကို ကြောက်စရာကောင်းမယ့် ဇာတ်ကားဖြစ်တယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားပါတယ်။

 

ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါ တယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ သြရသက ရိုက်ကူးမှာဖြစ်ပြီး နာမည်ကျော်အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်သွားကြမယ် လို့ ဆိုပါတယ်။

ကြောက်ကြောက်ကြောက် ၁ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ကိုယ်တိုင် Art Make Up ဖန်တီးမှုတွေနဲ့ ပါဝင်ခဲ့တဲ့ နေတိုးဟာ ကြောက်ကြောက် ကြောက် ၂ မှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်သာ ပါဝင်တော့မှာဖြစ်ပါတယ်။

'' ကျွန်တော်ကိုယ်တိုင် ကြောက်ကြောက်ကြောက်က ဖန်တီးမှုများတဲ့ ဇာတ်ကားတစ်ခုဖြစ်ခဲ့တယ်ပေါ့။ ကျွန်တော် အနုပညာလုပ်ခဲ့တဲ့ တစ်လျှောက်လုံးမှာ ပါဝင်ပတ်သက်မှု အများဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်ပေါ့။ ကြောက်ကြောက် ကြောက် ၂ မှာတော့ ပါဝင်ပတ်သက် မှုတွေ မလုပ်တော့ပဲ သရုပ်ဆောင် သက်သက်သာ ပါဝင်သွားမယ့် ဇာတ်ကားပါ'' လို့ သူကဆိုပါတယ်။

 

ကြောက်ကြောက်ကြောက် ၁ မှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းထွန်းက ဇာတ်ကား နှစ်ကားရဲ့ ကွဲပြားမှုတွေကို ပြောပြလာပါတယ်။ ကြောက်ကြောက်ကြောက် ၂ မှာတော့ ကြောက်စရာကောင်းအောင် ဖန်တီးပြင်ဆင်နေပြီလို့ဆိုပါတယ်။

'' ကြောက်ကြောက်ကြောက် ၁ တုန်းကတော့ ဟာသဘက်ကို တော်တော် သွားထားတယ်ပေါ့နော်။ ဒီ ကြောက်ကြောက်ကြောက် ၂ ကတော့ ရိုက်ချက်တွေက အစ တကယ်ကို ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားဖြစ်အောင် ကြိုးစားပြီးတော့ ပြင်ဆင်နေကြတယ်'' လို့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

မိဘကျေးဇူး ဆပ်ပြီးမှ မိန်းမယူမယ့် မင်းသွေး 

 

ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်လာတဲ့ မေမြင့်မိုရ် က ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်ကို ပြောပြ ထားပါတယ်။ ကြောက်စရာကောင်းမယ့် အဖြစ်အပျက်တွေကိုလည်း သူကပြောပြခဲ့ပါသေးတယ်။

'' ဒီဇာတ်ကားထဲမှာက ညီမတို့ ကားကြီးတစ်စီးထဲမှာပဲ အဖြစ်အပျက်တွေ အများကြီးဖြစ်ကြတယ်။ ကြောက်ဖို့လည်း ကောင်းတယ်။ Night Sence တွေလည်း အများကြီးဝင်ရမှာဆိုတော့ အားလုံးလည်း ညမအိပ်ပဲရိုက်ရမယ့် ကားလေးပေါ့နော်။ ညဘက်ဆိုတော့ ပျော်ဖို့လည်း ကောင်းသလို ကြောက်ဖို့လည်း ကောင်းမယ်လို့ထင်ပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ အတွင်းမှာပဲ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးသွားမှာဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ထွန်းထွန်း၊ မိုးယံဇွန်၊ တိုင်ရွန်၊ ငြိမ်းချမ်းကျော်၊ နန်းဆုဦး၊ မေမြင့်မိုရ်၊ မျိုးသန္တာထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဆင်မ၊ ဘိုဘို၊ မျိုးမျိုးခိုင် တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က