ပိုင်ဖြိုးသု ကို စိတ်ဓာတ်မကျဖို့ နေတိုးက အားပေးစကားဆိုပါတယ်။

နေတိုးကတော့ မီ ကာရိုက်တာကြောင့် ဝေဖန်မှုတွေ ကြုံတွေ့နေရတဲ့ အနုပညာပျိုးခင်း ၂ ရဲ့ တပည့်မလေးပိုင်ဖြိုးသု အတွက် အားပေးစကား ပြောပြခဲ့ပါတယ်။ ကိုယ်တိုင်ကြိုးစားထားတဲ့ မီ ဇာတ်ရုပ်ပီပြင်မှုကသာ အဓိက ကျတယ်လို့ သူကဆိုပါတယ်။



 

နေတိုး က မီဇာတ်ရုပ်နဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရတဲ့ ပိုင်ဖြိုးသုကို အားပေးစကားပြောပြလာပါတယ်။ အဆိုးအကောင်း ဝေဖန်မှုတွေ ကို သည်းခံမှလည်း အောင်မြင်မယ်ဆိုတာကို တပည့်ဖြစ်သူ အတွက် မီဒီယာတွေကနေတဆင့် စကားလက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။

'' ကျွန်တော်ဒီနေရာမှာ ပြောချင်တာက ဝေဖန်တိုက်ခိုက်မှုဆိုတာ အောင်မြင်မှုနဲ့ အမြဲတမ်း ကပ်ပါလာတဲ့ အရာပေ့ါ။ ကျွန်တော်တို့က ဝေဖန် တိုက်ခိုက်မှု ဆိုတာ အဆိုးနဲ့အကောင်း နဲ့ တွဲနေတာ။ အဓိကတော့ သည်းခံခြင်းဟာ အောင်မြင်ခြင်းပါပဲ၊ သုသုအနေနဲ့ ဒီလိုမျိုး ဟာကို သည်း ခံပေးလိုက်ပါ။ ဘာလို့လည်း ဆိုတော့ အမှားအမှန်ဆိုတာ အနည်းအများနဲ့ ဆုံးဖြတ်ရတာဆိုတော့ ဘယ်သူမှားတယ်။ ဘယ်သူမှန်တယ် ဆို တာ အောက်မှာ ရှိနေတဲ့ပရိသတ်တွေ အကုန်လုံးသိပါတယ်'' လို့ဆိုပါတယ်။

Photo: မီ

ကျန်းမာရေး သံတမန်အဖြစ် ဆက်လက်ဆောင်ရွက်သွားမယ့် ပိုင်ဖြိုးသု 

အနုပညာ ပျိုးခင်း ၂ ရဲ့ တပည့်မလေးဖြစ်သူ ပိုင်ဖြိုးသု ရဲ့ ခံစားချက်ကိုလည်း ဆရာတစ်ယောက်အနေနဲ့ နားလည်ပေးလို့ရတယ်လို့ နေတိုးက ပြောပါတယ်။ အဲ့ဒီနောက် မီဇာတ်ရုပ်ကို တာဝန်ကျေအောင်ကြိုးစားခဲ့တဲ့တာက ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုဖြစ်စေတယ်လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

''ကိုယ့်အပေါ်မှာ ဝေဖန်တယ် ရှုံ့ချတယ်ဆိုတဲ့ စကားတွေက မိန်းကလေး တစ်ယောက်အနေနဲ့တော့ စိတ်ထဲမှာ ခံစား ရမယ်ဆိုတာ နား လည်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ ပြောချင်တာက ကိုယ်ကိုယ်တိုင် ကိုယ့်တာဝန်ကို ကျေအောင် လုပ်ထားတယ်ဆိုတဲ့ ခံစားမှုသည် ကိုယ့်ဘဝကို ကိုယ် ပိုပြီး လုံခြုံမှု ဖြစ်စေပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မီ

 

နေတိုးဟာ အနုပညာပျိုးခင်းရဲ့ ဆရာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့အနေနဲ့ အောင်မြင်တဲ့ သရုပ်ဆောင်ကောင်းတွေကို မွေးထုတ် ပေးခဲ့တာဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ ဝေဖန်တိုက်ခိုက်မှုတွေကို ခေါင်းထဲမထည့်ဖို့ ပြောပြလာပါတယ်။

''ကိုယ့်အနုပညာအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်အစွမ်းကုန် ကြိုးစားထားတဲ့အတွက်ကြောင့်မို့လို့  ကျွန်တော့် အနေနဲ့ကတော့ သုသု အပေါ်မှာ ဒီလို ဝေဖန်မှု၊ တိုုက်ခိုက်မှုတွေကို ဘာမှ ခေါင်းထဲ မထည့်ပါနဲ။ ကိုယ့်လုပ်စရာ ရှိတာကိုပဲ ဆက်လုပ်ပါလို့ပြောချင်တယ်။ အမှား အမှန် ကတော့ အနည်းအများဆုံးဖြတ်ရတာဖြစ်တဲ့အတွက် စီးကရက်သောက်တဲ့ ပို့စ်အောက်က Comment မှာတွေ့ရမှာပါ'' လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

နေတိုး ကိုယ်တိုင်ကလည်း မီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကိုသော်ဆွေ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ မီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၉ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြင်လျှက်ရှိပါတယ်။ လက်ရှိမှာလည်း ပရိသတ် အားပေးမှုများစွာ ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က