သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ရပ်တည်ပေးနိုင်သူပါတဲ့။

သရုပ်ဆောင် ဝမ်းက ခင်ပွန်းဖြစ်သူ အဆိုတော် အာဇာနည်ဟာ မိသားစုအပေါ် တာဝန်ကျေတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အခက်အခဲတွေ ရှိခဲ့တဲ့ အိမ်ထောင်ရေးမှာ လိုလေသေးမရှိ ဂရုတစ်စိုက်ရှိတာကြောင့်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဝမ်း က ချစ်ရတဲ့ခင်ပွန်းဖြစ်သူ အဆိုတော် အာဇာနည်အတွက် ကျေးဇူးတင်စကားတွေ ပြောပြထားပါတယ်။ အခက်အခဲ တွေ၊ မပြေလည်မှုတွေ ကြားက ထူထောင်ခဲ့ရတဲ့ အိမ်ထောင်ရေးဖြစ်တာကြောင့်လည်း  ပိုပြီးတော့ အမှတ်တရတွေ ရှိခဲ့ကြတယ်လို့ ရင်ဖွင့် ပြောပြထားပါတယ်။

'' ဝမ်းတို့ နှစ်ယောက် အရင်တုန်းက အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ပြဿနာတွေလည်း အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အချိန်တစ်ခု ရောက်တဲ့အထိ အားလုံးပြေပြေလည်လည်နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ထူထောင်နိုင်အောင် ကို ဇာနည်က ဘေးမှာ ရပ်တည် ပေးတယ်'' လို့ ဆိုပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

အာဇာနည်ဟာ ဇနီးနဲ့ မိသားစု အပေါ် အရမ်းချစ်ပြီး အရမ်းတာဝန်ကျေတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်တယ်လို့လည်း ဝမ်းက ဖြည့်စွက် ပြောပြ ထား ပါသေးတယ်။ မိသားစုကိုလည်း စိတ်ချမ်းသာအောင် ထားတယ် ဆိုတာကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲက ဓာတ်ပုံ ဝဏ္ဏခွာနီး ရဲ့ ဖေ့စ်ဘွတ်မှာ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ ဗီဒီယိုဖိုင်လေးမှာ ပြောပြခဲ့တာပါ။

'' ကိုဇာနည်က ဝမ်း ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို အားလုံး သူ ဖြည့်ဆည်းပေးတယ်။ ကိုဇာနည်ကလည်း သူအောင်မြင်တယ်၊ သူ့အနုပညာကို သူလုပ်တယ်၊ မိသားစုအပေါ်ကိုလည်း သူ တကယ်သိတတ်တယ်။ အများကြီးဖြည့်ဆည်းပေးပါတယ်။ အဲ့ဒီအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

သားငယ်လေးရဲ့ (၁၀)လပြည့် မွေးနေ့အလှူလုပ်ခဲ့ကြတဲ့ အာဇာနည်နဲ့ ဝမ်း  

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ဒီနေ့(အောက်တိုဘာလ ၂၇ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: အာဇာနည်ဖေ့စ်ဘွတ်

 

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က ၁၀ လပြည့်ခဲ့တာပါ။ အာဇာနည် ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားကြီးလေးဖစ်ဖစ်တုန် ကတော့ အခုဆိုရင် ၉ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က