ချစ်သူ သက်တမ်း ၁ နှစ်နဲ့ ၄ လကျော်ပါပြီ။

ထွန်းထွန်းတစ်ယောက် ချစ်သူကောင်မလေး ဆုစန္ဒီဦး နဲ့အတူ လက်ရှိပိုင်ဆိုင်ထားတဲ့ ချစ်သူဘဝလေးက ပျော်စရာကောင်း တဲ့ အကြောင်း ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်တူကိုယ်တူ ရှိကြတယ်လို့ ဆိုပါတယ်။



Photo: ဆုစန္ဒီဦးဖေ့စ်ဘွတ်

 

ထွန်းထွန်း ရဲ့ လက်ရှိအချစ်ရေးကတော့ ပျော်ရွှင်စရာကောင်းတဲ့ အနေအထားလေးဖြစ်ပါတယ်။ ထွန်းထွန်း နဲ့ ချစ်သူ ကောင်မလေး ဆုစန္ဒီဦး တို့က ချစ်သူ သက်တမ်း တစ်နှစ်နဲ့ လေးလ ကျော်ရှိခဲ့ပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတယ်လို့လည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' အစကတည်းကလည်း ဒီလိုပါပဲ။ အခြေအနေနဲ့ အချိန်အခါပေါ်ပဲ မူတည်ပါတယ်။ အရာအားလုံးကလေ ကျွန်တော်ရော၊ ကျွန်တော့် ကောင်မ လေးရော တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိကြတယ်၊ ချစ်ကြတယ်။ အဲ့ဒီအတွက် သာမာန်လိုပဲ ပျော်ပျော်ရွှင်ရွှင်လေးပဲ နေကြတယ်။ ပျော်ရပါတယ်'' လို့ ဆိုပါတယ်။

Photo: ဆုစန္ဒီဦးဖေ့စ်ဘွတ်

 

ထွန်းထွန်း ဟာ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ အကောင်းမွန်ဆုံးဖြစ်လာ ဖို့ အတွက်လည်း သူကိုယ်တိုင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

'' အိမ်ထောင်ပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အနာဂတ်မှာ ကျွန်တော် စဉ်းစားထားတဲ့ Plan တွေ အများကြီးရှိပါတယ်။ တချို့အရာတွေကျတော့ ပါးစပ်က ထုတ်ပြောနေတာထက် ကျွန်တော်ကိုယ်တိုင် လုပ်ပြသွားတာပဲ ကောင်းပါတယ်။ အဓိက က ကျွန်တော်တို့ နှစ်ယောက်ရဲ့ သံယောဇဉ် နဲ့ နားလည်မှုက အဓိက ကျတယ်လို့ထင်ပါတယ်'' လို့သူကဆိုပါတယ်။

ချစ်သူသက်တမ်း ၁ နှစ်နဲ့ ၄ လပြည့်ပြီဆိုတဲ့ ထွန်းထွန်း 

 

ထွန်းထွန်းက ချစ်သူလေး သွားချင်တဲ့ နေရာတွေကို အမြဲတမ်း လိုက်ပို့တတ်သူဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်တူ ကိုယ်တူဖြစ်တာကြောင့် အရမ်းကို ပျော်စရာကောင်းတဲ့ ချစ်သူ ဘဝလေးဖြစ်တယ်လို့ ဆိုပါတယ်။

'' တော်တော်များများက စိတ်တူ ကိုယ်တူပဲ။ လောလောဆယ်တော့ သူလည်း စာမေးပွဲဖြေစရာရှိလို့ စာတွေ ကျက်နေရတာ သနားပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ မီဒီယာတွေကို အချစ်ရေး အကြောင်း ဖြေဆိုပေးခဲ့တာပါ။

Photo: ဆုစန္ဒီဦးဖေ့စ်ဘွတ်

 

ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က