လောလောဆယ်မှာတော့ FA တစ်ယောက်ပါတဲ့။

တိုင်ရွန်ကတော့ အချစ်ရေးထက် အနုပညာအလုပ်တွေကို ပိုပြီး အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ အချစ်က ထူးဆန်းတဲ့ အရာ ဖြစ်တယ်ဆို တာကိုလည်း ရွှေမောင်နှံက အလုပ်နဲ့ သက်သေပြသွားတဲ့ အကြောင်းကို ပြောပြလာပါတယ်။



Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

ကောင်မလေးပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်က အချစ်ဆိုတာ သူ့အတွက်တော့ ထူးဆန်းတဲ့အရာ တစ်ခုပါလို့ ဆိုပါတယ်။ သူကိုယ်တိုင် အချစ်ကို ရှာဖွေတာထက် အလုပ်ကို ပိုပြီး ဦးစားပေးသွားမယ် ဆိုတာကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကျွန်တော်ကတော့  လောလောဆယ် အောင်မြင်မှုအနောက်ကိုပဲ လိုက်မှာပါ။ အချစ်ဆိုတာတော့ ကျွန်တော့်ခေါင်းထဲမှာ သိပ်ပြီးတော့ မရှိ သေးဘူး။ ဒါပေမယ့် အချစ်ကတော့ အရာရာကို ကျော်လွှားနိုင်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့'' ဆိုပြီးတော့ သဘောကျ ရယ်မော ရင်းဖြေဆိုခဲ့တာပါ။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီ တို့ရဲ့ မင်္ဂလာပွဲမှာ သတို့သားအရံ အဖြစ် ပါဝင်ခဲ့တာဖြစ် ပါတယ်။ အခက်အခဲ အတိုက်အခိုက်တွေ အများကြီးရှိခဲ့တဲ့ ရွှေမောင်နှံ ရဲ့ မင်္ဂလာပွဲ ကိုလည်း ချီးကျူးစကားပြောပြခဲ့ပါသေးတယ်။

'' အချစ်က ထူးဆန်းတဲ့ အရာဆိုတော့ ကျွန်တော်က သိပ်မသိတော့ မပြောတတ်ဘူး။ သူတို့ တော်တော်ချစ်တာတော့ ဘေးကနေကြည့်ပြီး မြင်ရတယ်။ အသက်ငယ်ငယ်ရွယ်ရွယ် လူငယ် နှစ်ယောက် သူတို့ လုပ်ချင်တဲ့အရာကို ဖြစ်အောင် လုပ်သွားတယ်လို့ပဲ မြင်ပါတယ်။ အခက် အခဲတွေကြားက လုပ်သွားရတာဆိုတော့ ချီးကျူးပါတယ်''လို့ သူကဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

ရိုက်ကွင်းပေါ်ကနေ မိခင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ တိုင်ရွန် 

အဲ့ဒီနောက် ငိုနေတဲ့ ရွှေထူးရဲ့ ဘေးမှာ ပြုံးရယ်နေတဲ့ တိုင်ရွန်ရဲ့ပုံတွေကတော့ ဟာသတစ်ခုအနေနဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံလို့နေခဲ့ ပါတယ်။ ဒီအတွက်ကြောင့်လည်း တိုင်ရွန်ကိုယ်တိုင်က တုံ့ပြန်မှု မရှိတဲ့အပြင် ကိုယ်တိုင်လည်း သဘောကျမိတဲ့ Troll တစ်ခုဖြစ်တဲ့အကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ မီဒီယာတွေကို အချစ်ရေး အကြောင်း ဖြေဆိုပေးခဲ့တာပါ။

'' သိပ်ပြီးတော့လည်း ရင်မခုန်တော့ပါဘူး။ ကျွန်တော့်ကို Troll ထားတာလည်း ရယ်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ပုံ ပြန်ကြည့် ပြီးတော့ ရယ်နေရတယ်။ မှတ်မှတ်ရရလေးတော့ ဖြစ်သွားတာပေါ့နော်။ ကျွန်တော် မျက်နှာပြောင်တယ်ဆိုတာ အကုန်သိအောင် ကြေညာ လိုက်သလိုပါပဲ'' လို့ ဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က