ချစ်သူကောင်မလေး ရှိနေပြီလား။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ချမ်းမင်းရဲထွဋ်ရဲ့ လက်ရှိအချစ်ရေးကတော့ အေးအေး ဆေးဆေး ပါပဲတဲ့။ လက်ရှိမှာ ချစ်သူကောင်မလေး မရှိသေးသလို သူကိုယ်တိုင်ကလည်း ချစ်သူမရှာဖြစ်သေးတာလို့ ဆိုပါတယ်။

Photo : ချမ်းမင်းရဲထွဋ် FB

 

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ချမ်းမင်းရဲထွဋ်ရဲ့ လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေး ပါပဲတဲ့။ လက်ရှိမှာ ချစ်သူကောင်မလေး မရှိသေးသလို သူကိုယ်တိုင်ကလည်း ချစ်သူမရှာဖြစ်သေးတာလို့ ဆိုပါတယ်။ သူငယ်ချင်းတွေလိုမျိုး Night Out ထွက်တဲ့အခါ၊ ပွဲတွေ သွားတဲ့ အခါမျိုးတွေမှာ ကောင်မလေးနဲ့အတူတူသွားတဲ့အချိန်တွေဆိုရင်တော့ သူငယ်ချင်းတွေကို အားကျ မိတယ်လိုု့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

Photo : ချမ်းမင်းရဲထွဋ် FB

 

"လက်ရှိအချစ်ရေးက တကယ်ရည်းစားမရှိပါဘူး။ လက်ရှိအချစ်ရေးက တကယ် ရည်းစားမရှိဘူး။ သူငယ်ချင်းတွေ Night out ထွက်တာတို့ ပွဲတွေ အတူတူသွားတာတို့ဆိုရင် အရမ်းအားကျကတယ်။ ဒါပေမယ့် ကိုယ်လည်း ရှာလို့မတွေ့တော့ ဘယ်လိုလုပ်မလဲ ပေ့ါနော်။ ကိုယ်ကိုတိုင် က လည်း လက်ရှိမှာ ရည်းစားမရှာသေးတာပေ့ါနော်။ ကျွန်တော်လည်း ချစ်ချစ်ပါတယ်။ " လို့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ချမ်းမင်းရဲထွဋ် FB

 

ချမ်းမင်းရဲထွဋ်ဟာ အချစ်နဲ့ ပတ်သက်လာရင် ပေးဆပ်တတ်တဲ့ လူမျိုးထဲမှာ ပါတယ်လို့ ကိုယ့်ကိုကိုယ် သုံးသပ်ထားပါသေးတယ်။

"ရိုးသားတဲ့လူမျိုးကို ချစ်တယ်။ ကျွန်တော်က ပေးဆပ်တဲ့အချစ်မျိုးနဲ့ ချစ်နေမှာ။ ကျွန်တော့်ဘက်က ကျွန်တော်ဖြည့်ဆည်းပေးချင်တာ ကိုယ်ချစ်တဲ့လူအတွက် သူပျော်ဖို့ပါပဲ။ကျွန်တော့်အနုပညာကို ချစ်တဲ့သူကိုပဲ ကျွန်တော်ပိုချစ်တယ်။ ကိုယ့်အနုပညာကို လက်မခံပေးတဲ့သူဆို ကျွန်တော်မချစ်ဘူး။ ကျွန်တော်နဲ့ အဆင်ပြေမယ်မထင်ဘူး။ ကျွန်တော့်အနုပညာကို နားလည်ပေးတဲ့သူ မစော်ကားတဲ့သူမှ ကျွန်တော်စိတ်ကို နားလည်တဲ့သူပဲ ကျွန်တော်နဲ့ လက်တွဲဖြစ်မယ်ထင်ပါတယ်" လို့  နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ AX Fall Winter Collection မှာ မီဒီယာ တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ချမ်းမင်းရဲထွဋ် FB

ဖွေးဖွေးဆီက သရုပ်ဆောင်ပညာတွေရတယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ် 

ချမ်းမင်းရဲထွဋ်က လက်ရှိမှာ ဒါရိုက်တာ ဝိုုင်း ရိုက်ကူးနေတဲ့ "ကံကော်နီ" ရုပ်ရှင်ဇာတ်ကားမှာ ဖွေးဖွေး၊ အလင်းရောင်တို့နဲ့အတူ ပါဝင်နေ တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားလေးဖြစ်တာကြောင့် ချမ်းမင်းရဲထွဋ်ကို ပရိသတ်မြင်ချင်တဲ့ ဇာတ်ကောင်အဖြစ် ပထမဆုံးအကြိမ်မြင်တွေ့ရမှာပါလို့ ပြောပါတယ်။

''ကံ့ကော်နီကတော့ ကျွန်တော်တို့ရိုက်နေတာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးပြီ။ ကျွန်တော်ဆိုရင် ၃ ခန်း လောက်ပဲ ကျန်တော့တယ်။ ဇာတ်ကားထဲမှာ ကျွန်တော်က လူဆိုးမဟုတ်တော့ဘူး၊ လူကောင်းပေါ့။ ဒါပေမယ့် နည်းနည်းဂျစ်ကန်ကန် လူငယ်ကားလေး၊ အချစ်ဇာတ်ကား လေးပေါ့။ ပရိသတ်တွေ ကျွန်တော့်ကို မြင်ချင်တဲ့ ပုံစံလေးပေါ့''လို့ သူကဆိုပါတယ်။

Photo : ချမ်းမင်းရဲထွဋ် FB

 

သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကို ည ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အချိန်ကစပြီး ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ဖော်ဖော်ရွေရွေရှိလှတဲ့ ချမ်းမင်းကို သူ့ရဲ့ ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။ ချမ်းမင်းရဲထွဋ်ရဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသလို မဂ္ဂဇင်းမျက်နှာဖုံးတွေရဲ့ Cover Star တစ်ယောက်အဖြစ် ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က