ခွဲစိတ်ပြီးပြီးချင်းဆိုထိုင်တောင် ငိုတာတဲ့။

သရုပ်ဆောင် ကျော်ထက်အောင်က ကိုရီးယားမှာ ခွဲစိတ်ပြုပြင်မှု သွားလုပ်ထားတယ်လို့ သိရပါတယ်။



 

သရုပ်ဆောင် ကျော်ထက်အောင်က ကိုရီးယားမှာ ခွဲစိတ်ပြုပြင်မှု သွားလုပ်ထားတယ်လို့ သိရပါတယ်။ Brand Ambassador တစ်ယောက် အနေနဲ့ ကိုရီးယားသွားပြီး ခွဲစိတ်ပြုပြင်မှု လုပ်ထားတာ ဖြစ်ပြီး ခွဲစိတ်ပြီးပြီးချင်းမှာ ရုပ်ဆိုးသွားပြီ ဆိုပြီး ထိုင်ငိုခဲ့ရသေးတယ်လို့ ဆိုပါတယ်။

"ကျွန်တော်ရဲ့အရင်မျက်နှာကိုလည်း မပျောက်ချင်ဘူးလေ။ ချိုမြမြအပြုံးလေးနဲ့ပေ့ါ။ အတုတွေလည်း မထည့်ချင်တော့ နားနောက်က အရိုးနု လေးတွေ ယူပြီး လုပ်ထားတယ်။ကျွန်တော့် ဂျီးများတော့ ဆရာဝန် နှစ်ယောက်လောက် လုပ်ပေးလိုက်ရတယ်။ ခွဲစိတ်ပြီးပြီး ချင်းတုန်း ကဆို ထိုင်တောင်ငိုတယ်။ ရုပ်ဆိုးသွားပြီဆိုပြီ။ အိမ်ကို ဖုန်းဆက်ပြီးတော့ကို ငိုတာ။ အတူတူပါသွားတဲ့ ပိုးမီက အစ ချော့ယူရတယ်။ မိန်းကလေးက မငိုရဘူး ကျွန်တော်က ငိုတာ။ အခုလက်ရှိကတော့ အရောင်မကျသေးဘူး။ "လို့ နိုဝင်ဘာ(၁၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ "ကြတ်ဂူ" ရုပ်ရှင် ဇာတ်ကား အထူးပြပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

သရုပ်ဆောင် ကျော်ထက်အောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ ချုဆီရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အားပေးမှုတွေရခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ထပ်ရှိသေး တယ်လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ၁၂ လပိုင်းဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး ထပ်ရိုက်ဖို့ ရှိပါတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေကလည်း စရိုက်ကြမ်းကြမ်းနဲ့ ထွက်မလာ သေးဘူး ပေါ့နော်။ ကြယ် ဆိုတဲ့ ဇာတ်ကားလည်းရှိတယ်၊ ပြီးတော့ ညှိုးညှိုးနွမ်းနွမ်းနဲ့ လုပ်ခဲ့ရတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ နောက်ထပ် လာမယ့် ဇာတ်ကားတွေမှာက ကိုယ့်ဇာတ်လည်းဖြစ်သလို ကိုယ်ဦးဆောင်သွားရမှာတွေ များနေပါပြီ'' လို့ သူကဆိုပါတယ်။

Photo : ကျော်ထက်အောင် FB

ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမယ့် ကျော်ထက်အောင် 

သူ့အနေနဲ့ ဇာတ်ကားတွေ ရိုက်တဲ့အခါမှာလည်း သူနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာ ဇာတ်ကောင်ပုံစံတွေကိုသာ ရွေးချယ်ရိုက်ကူးဖြစ်တဲ့ အကြောင်းဆက်လက်ပြောပြလာပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်ကိုပဲ ရိုက်လေ့ရှိတယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာရုံရှင်ရုံ အသစ် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော်ကတော့ ကိုယ့််အသက်အရွယ်နဲ့လိုက်တယ်။ ကျွန်တော့်ရဲ့ အသက်ရယ်၊ အသံရယ်၊ ဟန်ရယ် လိုက်ဖက်မယ့် ဇာတ်ကောင်တွေဆို ပိုပြီးတော့ သရုပ်ဆောင်ဖြစ်ဖို့ များပါတယ်။ အဲ့ဒီဘက်ကို ပိုပြီးတော့ အားသန်တယ်။ ကျွန်တော့် အသံရယ်၊ အသက်ရယ်၊ ဟန်ရယ် မလိုက်တဲ့ ဇာတ်မျိုးကိုတော့ ကျွန်တော် သဘောမကျပါဘူး'' လို့ဆိုပါတယ်။

Photo : ကျော်ထက်အောင် FB

 

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က