နောက်ထပ်လည်း သွားလှူဦးမှာပါတဲ့။

စိန်လင်း(Aroma) က ပြည်မြို့ရောက်ခိုက် ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ဆန့် အထွေထွေဆေးရုံကြီးမှာ အစီအစဉ်မရှိပဲ အလှူ အတန်း လုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီအလှူက သူ့ရင်ထဲမှာ ထူးခြားတဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေခဲ့တယ်လို့ ဆက်လက် ပြောပြထားပါတယ်။

Photo: စိန်လင်း

 

အဆိုတော် စိန်လင်း(Aroma) က ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ဆန့် အထွေထွေရောဂါကု ဆေးရုံကြီးမှာ အလှူငွေ ၆ သိန်း ၇ သောင်းလှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူကလည်း မထင်မှတ်ပဲ လှူဒါန်းခဲ့ရတဲ့ အလှူလေး ဖြစ်တယ်လို့လည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူး မှာ ဖြေဆိုခဲ့ပါတယ်။

'' ပြည်မြို့မှာ စွန့်ပစ်ကလေးငယ်တွေ ရောက်နေတယ် ဆိုတဲ့ အကြောင်းကို သိရတဲ့အချိန်မှာ ပြည်မြို့ကို ရောက်နေတုန်း လှူဒါန်းချင်တဲ့ စိတ် ပေါ်လာပါတယ်။ ဒီကလေးတွေအပြင် ဆေးရုံမှာ ရှိတဲ့ ဆင်းရဲချို့တဲ့ ကလေးငယ်တွေ၊ မွေးကင်းစ ကလေးငယ်တွေအတွက် ကျွန်တော် တက်နိုင်တဲ့ အလှူအတန်းလေးပြုလုပ်ခြင်းပါ'' လို့ ဆိုပါတယ်။

Photo: စိန်လင်း

ပရိသတ်ကို အရည်အသွေးကောင်းတဲ့ ဇာတ်လမ်းတွေ ပေးချင်လို့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်မယ်ဆိုတဲ့ စိန်လင်း(Aroma) 

ပြည်မြို့ကို တေးသီချင်း သီဆိုဖျော်ဖြေဖို့ ရောက်ရှိနေတဲ့ စိန်လင်း(Aroma) က အစီအစဉ်မရှိပဲ လှူဒါန်းခဲ့ရတဲ့ ဒီအလှူမှာ ထူးခြားမှု တွေရှိ ခဲ့တယ် လို့ဆိုပါတယ်။ နောက်ထပ် အလှူအတန်းလုပ်ချင်စိတ်တွေလည်း ဖြစ်ပေါ်မိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

'' ကိုယ်တိုင် လှူဒါန်းရတဲ့အခါမှာလည်း ပိုပြီးတော့ ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်။ ဒီအလှူမှာ ထူးခြားတာက ပြည်မြို့က ဆေးရုံကို ရောက် သွားတဲ့ အချိန်မှာ ဆေးရုံအုပ်ကြီး ဆရာမ ဒေါ်ခင်မေသွင်ကိုယ်တိုင်ကလည်း ဘယ်လိုနေရာတွေမှာ ဘယ်လို လှူရင် အကျိုးရှိတယ်ဆိုတာကို ပြောပြပေးတဲ့အတွက် ပိုပြီးတော့ လှူချင်စိတ်တွေ များလာရပါတယ်''လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

Photo: စိန်လင်း

 

စိန်လင်း(Aroma) က ကိုယ်တိုင် ကိုယ်ကျ အလှူအတန်းတွေ လုပ်ခဲ့ရတဲ့အပေါ်မှာလည်း ပြောမပြတတ်အောင် ပီတိဖြစ်ခဲ့ရပါတယ်တဲ့။ ကလေး ငယ်တွေအတွက်လည်း သူ့ရင်ထဲက စိတ်ရင်းနဲ့ ဆုတောင်းတွေလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

'' ဒီကလေးတွေကို မြင်လိုက်ရတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ တူတွေ၊ သားတွေလို ခံစားမိခဲ့ပါတယ်။ သူတို့လေးတွေက ဖြူစင်တဲ့ ကလေးငယ်တွေ လည်းဖြစ်သလို အနာဂတ်အတွက် လူတော်၊ လူကောင်းလေးတွေ ဖြစ်လာပါစေလို့လည်း ဆုတောင်းမိခဲ့တယ်။ နောက်တစ်ခေါက်လည်း သွား ရောက်လှူဒါန်းဖို့ ပြင်ဆင်ထားပါတယ်'' လို့ သူကဆိုပါတယ်။

Photo: စိန်လင်း

 

အဆိုတော်စိန်လင်း(Aroma) ကတော့ ပေါက်နေပြီ လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ တာပြီးနောက် ဂီတနဲ့ပတ်သက်ပြီး MTV တွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မြန်မာပြည်သိန်းတန် နဲ့တွဲဖက် သီဆိုထားတဲ့ အန်ကယ်လ်ကတော့ No ပါ  Mini Album လေး ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အခွေတစ်ခွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က