အိမ်ထောင်သည်ဘဝအပေါ် သူ့ရဲ့ ခံယူချက်ကိုပြောပြလာပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေ ကြားရလေ့မရှိတဲ့ သရုပ်ဆောင်ဖူးစုံ က အခုချိန်ထိ တစ်ကိုယ်တည်း အပျိုကြီးပါပဲတဲ့။သူမ အနေနဲ့ အိမ်ထောင်ရေး ကိုလည်း စိတ်ဝင်စားတဲ့ သူတစ်ယောက် မဟုတ်ဘူးလို့ ဆိုပါတယ်။

 

သရုပ်ဆောင် ဖူးစုံဟာ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ပြောပြလေ့မရှိသလို သတင်းတွေလည်း ထွက်လေ့မရှိပါဘူး။ သူမအနေနဲ့ အသက် ၃၀ ကျော်အရွယ်မှာ အိမ်ထောင်ရေးအပေါ် သူ့ရဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်။ သေချာတာက အိမ်ထောင်ရေးကို စိတ်ဝင်စားမှု မရှိသေးဘူးလို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



'' အိမ်ထောင်မပြုဘူး အပျိုကြီးလိုပဲ နေမယ်။ ဒါတွေက စိတ်ရှုပ်တယ် ဆိုတဲ့ ပုံစံမျိုးလည်း ဖူးစုံဘဝမှာ မရှိဘူး။ ယူတော့မယ် ဒီအချိန်က ယူဖို့ အသင့်တော်ဆုံးအချိန် ဆိုပြီးတော့ အင်တိုက်အားတိုက်ကြီး အိမ်ထောင်ရေးကို စိတ်ဝင်စားနေတဲ့ အချိန်လည်း မရှိဘူး။ သေချာတာကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိပ် စိတ်မဝင်စားသေးဘူး'' လို့ဆိုပါတယ်။

Photo: Phu Sone


ဖူးစုံရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကတော့ အိမ်ထောင်ကျသွားတဲ့သူများတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ရေး အတွေ့အကြုံရှိတဲ့ သူငယ် ချင်းတွေကတော့ ဖူးစုံကို အိမ်ထောင်မပြုဖို့ အမြဲ တိုက်တွန်းလေ့ရှိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' Bff ထဲမှာလည်း အိမ်ထောင်သည်ရှိသလို ဖူးစုံတို့ ကျောင်းတုန်းက သူငယ်ချင်းတွေမှာလည်း အိမ်ထောင်သည်တွေရှိတယ်ပေါ့နော် ၁၀ ယောက်မှာ ၈ ယောက်လောက်ကတော့ မယူဖို့ တိုက်တွန်းကြတယ်။ ဘာကြောင့်လဲတော့ မသိဘူးပေါ့နော်။ အိမ်ထောင်ဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ကံကြမ္မာနဲ့လည်း ဆိုင်မယ် ထင်ပါတယ်'' လို့ ဖြေဆိုခဲ့တာပါ။

Photo: Phu Sone

ပရိသတ်မသိသေးတဲ့ ဒါရိုက်တာမိုက်တီးအကြောင်းပြောလာတဲ့ ဖူးစုံ 

သူမအနေနဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် အိမ်ထောင်မပြုသေးတာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။ တစ်ဦးနဲ့ တစ်ဦး အိမ်ထောင်ရေး ထိန်းသိမ်းပုံချင်းကလည်း ကွာဟ တက်ကြတဲ့အကြောင်း ပြောပြထားပါတယ်။

'' အိမ်ထောင်ရေး ဆိုတာကို ကြောက်စရာ လို့လည်း မမြင်သလို၊ ပျော်စရာ ကြည်နူးစရာတွေနဲ့ ပြည့်နေမှာပါလို့လည်း မမြင်ပါဘူး'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အပျိုကြီး တစ်ကိုယ်တည်းပါပဲ။


 

ဖူးစုံဟာ အခုလက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်နေတယ်လို့ ဆိုပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရိုက်စားရုပ်ရှင် ဇာတ်ကား ကြီး ကိုလည်း စက်တင်ဘာလ ၂၁ ရက်နေ့က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားလို့လည်း ဆိုနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က