နောက်ထပ် သမီးလေး လိုချင်ပါသေးတယ်တဲ့။

ယွန်းဝတီလွင်မိုးက သားလေးအတွက် အလုပ်တွေကြိုးစားရင်း ဘွဲ့ရတဲ့အထိ ကျောင်းတက်မယ်လို့ ဆိုပါတယ်။ သားလေးကြောင့် လည်း ရင့်ကျက်မှုတွေပိုရှိလာပါတယ်တဲ့။ အဲ့ဒီနောက် သမီးလေးတစ်ယောက် ထပ်လိုချင်သေးတယ်လို့လည်း ပြောပြခဲ့ပါတယ်။



Photo: ယွန်းဝတီလွင်မိုး

 

သရုပ်ဆောင် ယွန်းဝတီလွင်မိုး က သူ့ရဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးအကြောင်းကို ပြောပြထားပါတယ်။ သူမဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ခွင့် ရလာချိန်မှာတော့ ရင့်ကျက်မှုတွေ ရှိလာပြီဆိုတာကို မီဒီယာတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ညီမက ကိုယ်ဝန်မရခင် ၆ လလောက်ကတည်းက ယောကျ်ားနဲ့ စေ့စပ်ထားတာ အစကတည်းက စိတ်ကို အဆင်သင့်ဖြစ်အောင် လုပ်ထား တယ်။ ရင့်ရင့်ကျက်ကျက်နေရတော့မယ် ငါ အသက် ၂၀ လည်းပြည့်ပြီ အခု ကလေးလည်းရှိလာပြီဆိုတော့ အရာရာက ကလေးအတွက် စဉ်းစားတယ်။ အဲ့ဒီတော့ စိတ်ကလည်း အလိုလို ရင့်ကျက်သွားတယ်'' လို့ ဆိုပါတယ်။

Photo: ယွန်းဝတီလွင်မိုး

သားသားလေးနဲ့ Shopping ထွက်ခဲ့တဲ့ ယွန်းဝတီလွင်မိုး 

သူမကိုတော့ အသက်ငယ်ငယ်နဲ့ လက်ထပ်ပြီး ကလေးယူတယ်လို့ ဝေဖန်ကြတဲ့ ပရိသတ်တွေကိုလည်း ယွန်းဝတီလွင်မိုးက အခုလို တုံ့ပြန် စကား ပြောခဲ့ပါတယ်။ ကလေးယူဖြစ်တဲ့အကြောင်းကိုလည်း နိုဝင်ဘာလ ၁၈  ရက်နေ့ က Hearty Heart တစ်နှစ်ပြည့် ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' ကလေးရသွားပြီဆိုတာ ညီမရဲ့ တာဝန်ဖြစ်သွားပြီ ဒီတော့ ညီမ ဒီကလေးကို မွေးမယ်။ ယောကျ်ားနဲ့ စေ့စပ်ပြီးသွားတာက ၆ လလောက်ရှိပြီ ဆိုတော့ ယူလိုက်မယ်။ ဒါက ကိုယ်ဝန်ရလို့ ယူလိုက်တယ် လို့ ထင်ကြတယ်။ တကယ်ချစ်လို့ ယူတယ်။ ကိုယ်ဝန်ရကတည်းက ယောကျ်ားနဲ့ သေချာဆွေးနွေးတယ်၊ သူကိုယ်တိုင်ကလည်း မိသားစုတစ်စုဖြစ်အောင် တည်ဆောက်မယ်ပေါ့'' လို့ ဆိုပါတယ်။

Photo: ယွန်းဝတီလွင်မိုး

 

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုး တို့ ဇနီးမောင်နှံဟာ  သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့မှာ နေထိုင်ရင်း ကျောင်းတက်ပြီးအလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့ အချိန်မှာလည်း အလုပ်တွေ ဆက်လုပ်ဦးမှာဖြစ်ပြီး နောက်ထပ် သမီးလေး တစ်ယောက် ထပ်ယူမယ် လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။

'' တစ်ယောက်တော့ လိုချင်သေးတယ်။ ဒါပေမယ့် တက္ကသိုလ်ကိုပြီးအောင်တက်မယ်။ အခုတက်နေတာကလည်း Liam အတွက် တက္ကသိုလ် တက် ပြီးရင် ဘွဲ့နဲ့ နိုင်ငံခြားမှာ အလုပ်လျှောက်လို့ရတယ်။ အလုပ်လုပ်ပြီး အတွေ့အကြုံရအောင်ယူမယ်။ ပြီးရင် မြန်မာပြည်မှာ ပြန်လာလုပ် မယ်။ အလုပ်တည်ငြိမ်လာတဲ့ အခါကျရင်တော့ ဒုတိယကလေးကို မွေးမယ်။ သမီးလေးလိုချင်တယ်'' လို့ သူကပြောပါတယ်။

Photo: ယွန်းဝတီလွင်မိုး

 

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က