ဇနီးဖြစ်သူရဲ့ ကောင်းကွက်လေးတွေကို ပြောပြလာပါတယ်။

မကြာခင်မှာ အသက် ၄၀ ပြည့်တော့မယ့် သရုပ်ဆောင် ပြေတီဦးက မွေးနေ့မှာ ဘုန်းကြီး ဝတ်မယ့်အစီအစဉ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ "မင်္ဂလာရက်မြတ်" ရုပ်ရှင်ကားPress Show မှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။



 

သရုပ်ဆောင် ပြေတီဦးက မကြာခင်မှာ အသက် ၄၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ဘုန်းကြီးဝတ်ဖို့ စဉ်းစားထားတဲ့အ ကြောင်း ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။မကြာခင်မှာ အသက် ၄၀ ပြည့်တော့မယ့် သရုပ်ဆောင် ပြေတီဦးက မွေးနေ့မှာ ဘုန်းကြီး ဝတ်မယ့်အစီအစဉ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ "မင်္ဂလာရက်မြတ်" ရုပ်ရှင်ကားPress Show မှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်က ဝတ်မှုံရွှေရည်ကို နောက်တယ်လေ။ သူက ဟိုတလောက ၃၀ ပြည့်တာကိုး။ ညည်းကလည်းသုံးထိပ်စီး၊ ငါကလည်း သုံးထိပ်စီးပဲ လို့။ အခုတော့ ပြောလို့မရတော့ဘူး ၄ ဖြစ်တော့မယ်။ ဆိုရိုးစကားလည်းရှိတယ်လေ။ ယောက်ျားလေးက ဘဝက စတယ်တို့ ဘာတို့ပေါ့။ ၄၀ ဆိုတာ အမှတ်တရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် အဲဒီမွေးနေ့လေးမှာတော့ ဘုန်းကြီးဝတ်မလားလို့ စဉ်းစားတယ်" လို့ ပြေတီဦးက ဆိုပါတယ်။

Photo: အိန္ဒြာကျော်ဇင် FB

ခိုင်မာတဲ့ အိမ်ထောင်ရေးအကြောင်းပြောလာတဲ့ အိန္ဒြာကျော်ဇင် 

ပြေတီဦးက နိုဝင်ဘာလ ၃၀ ရက်နေ့မှာကျရောက်မယ့် အသက် ၄၀ ပြည့် မွေးနေ့မှာ ဘုန်းကြီ ၃ ရက်လာက်ဝတ်ဖို့ စီစဉ်ထားပြီး ဘုန်းကြီးဝတ် မယ့်နေရာကတော့ မသေချာသေးတဲ့အတွက် အတည်မပြုနိုင်သေးကြောင်း ပြေတီဦးက ပြောပါတယ်။ ဇနီးဖြစ်သူဆီက မွေးနေ့လက်ဆောင် ဘာလိုချင်လဲလို့ မေးမြန်းချိန်မှာတော့ပြေတီဦးက ဘာမှမလိုချင်ဘူးလို့ ဆိုပါတယ်။

"အူဝဲဆီက ကျွန်တော်ဘာမှ ထပ်မလိုချင်ဘူး။ သူ ကျွန်တော့်ကို စိတ်ဆင်းရဲအောင်မလုပ်ဘူး။စိတ်ချမ်းသာအောင် ထားတယ်။ ကျွန်တော်ဘာပဲ လုပ်ချင်လုပ်ချင် သူ့ဘက်က အမြဲတမ်းနားလည်ပေးတယ်။ဒါနဲ့တင် ကျွန်တော် ကျေနပ်ပါတယ်" လို့ ပြေတီဦးက မီဒီယာတွေကို ဖြေကြားခဲ့ပါ တယ်။

Photo: အိန္ဒြာကျော်ဇင် FB

 

ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးက တစ်ယောက်နဲ့ တစ် ယောက် နားလည်မှု အပြန်အလှန်ရှိကြောင်း နှစ်ဦးစလုံးက အင်တာဗျူးတွေမှာ ဖြေလေ့ရှိပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က