ငယ်ငယ်လေးကတည်းက မေမေက အလေ့အကျင့်လုပ်ပေးခဲ့တာတဲ့။

အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အိစိကွေးက အခုလိုမျိုး အလှူအတန်းတွေ ဆက်တိုက် လုပ်ဖြစ်နေ တာက မိခင် ကြောင့်ပါတဲ့။

Photo : အိစိကွေး FB

 

အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အိစိကွေးက အခုလိုမျိုး အလှူအတန်းတွေ ဆက်တိုက် လုပ်ဖြစ်နေတာက မိခင် ကြောင့်ပါတဲ့။ ငယ်စဉ်ကတည်းက မိခင်က ဘုန်းကြီးတွေ၊ အမေအိုတွေသာမက အလှူနဲ့ ပတ်သက်လာရင် အမြဲတမ်း လှူခိုင်းတတ်တဲ့ အကျင့် လေး လုပ်ပေးထားတာကြောင့် အခုအချိန်မှာ မလှူရရင် မနေနိုုင်တဲ့ အကျင့်လေး တစ်ခုဖြစ်နေတာလို့ သူက ဆိုပါတယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲ ဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှ တဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးက ပြောပါတယ်။

Photo : အိစိကွေး FB

 

အလှူနဲ့ ပတ်သက်ရင် အမြဲတမ်း လှူမှန်းသိတဲ့အတွက် သူ့ဆီကို အကုန်လုံးက အလှူလာခံကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲ့လို အချိန်မျိုး မှာလည်း မငြင်းရက်ဘဲ လှူဖြစ်တယ်လို့ သူက ပြောပါတယ်။ အရင်လို အလုပ်တွေ အများကြီး မလုပ်ဖြစ်သေးတဲ့ အချိန်ဖြစ်တာကြောင့် လှူတာ တန်းတာနဲ့ ပတ်သက်ပြီး ချင့်ချိန်ရတဲ့ အခါလေးတွေတော့ ရှိနေတယ်လို့ အိစိကွေးက Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

"လှူမှန်းသိတယ်ဆိုတော့ အကုန်လုံးက အလှူလာခံကြတယ်။ အဲ့ဒီလိုမျိုးကျတော့လည်း မငြင်းရက်ဘူး။ အလုပ်တွေကလည်း အရင်လိုအများ ကြီးမလုပ်ရတော့ အရင်ဆုံး ချင့်ချိန်ရတယ်။ ဒါပေမယ့်လည်း လှူတာပဲ နှစ်ကျပ်ရှိလို့ တစ်ကျပ်လှူတယ်။ ၁၀၀ ရှိရင် ၅၀ လောက်က ကောက် လှူ လိုက်ချင်တာ ။ပိုက်ဆံစုပြီး လှူဖို့ ရည်ရွယ်တာမျိုးတော့ မရှိဘူး။ ကိုယ်ရတဲ့ ပိုက်ဆံမှန်သမျှကို အမေ့ကိုပေးတယ်။ တစ်ခုခုလှူမယ်ဆိုရင် အမေ့ဆီကနေပြီး တော့ အမေ သား ဒါလေးလှူချင်တယ်လို့ပြောရင် အမေက အေး သား လှူဆိုပြီးတော့ ပေးတယ်''လို့ နိုဝင်ဘာ(၁) ရက်နေ့က ပြုလုပ်တဲ့ "တုနှိုင်းမရတဲ့မေတ္တာရုပ်သံဇာတ်လမ်းကန်တော့ပွဲမှာ အလှူနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားလေးကို ပြောပြခဲ့တာပါ။

Photo : အိစိကွေး FB

ရုပ်ရှင်အစည်းအရုံး ကထိန်အတွက် ဘုရားဆင်းတုတော်လှူခဲ့တဲ့ အိစိကွေး  

အိစိကွေးဟာ အသက် ၄ နှစ်ခွဲကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။ သူ့အနေနဲ့ အားပေးတဲ့ ပရိသတ်ရှိသလို ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ဆိုပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေအပေါ်မှာလည်း အားတင်းခဲ့ရတာ များပေမယ့် အခုချိန်မှာတော့ အရမ်းပင်ပန်းနေပြီလို့ ဖွင့်ဟပြောပြခဲ့ပါတယ်။

''အရေးမကြီးဘဲပြောလိုက်တဲ့စကားတွေက လူတစ်ယောက်အပေါ် ဘယ်လောက် ထိခိုက်နာကျင်စေလဲဆိုတာ ကိုယ်ချင်းစာပေးကြပါ။ ကျွန် တော် တကယ်ကို ပင်ပန်းနေပါပြီ။ ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော်ခံစားနေရတာတွေမမျှပေမယ့် အားတင်း ထား ခဲ့တာများနေပါပြီ။ အာမို့ မေတ္တာရပ်ခံပါတယ် Depression ဝင်ပြီး မလုပ်သင့်တာတွေ မလုပ်မိအောင် ကြိုးစားနေတဲ့ အချိန်ကာလမို့ နားလည်ပေးကြပါ။ ကျေးဇူးတင်ပါတယ်''လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ  အောက်တို ဘာလ ၇ ရက်နေ့က ရေးသားခဲ့ဖူးပါတယ်။

Photo : အိစိကွေး FB

 

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က