ကျားနဲ့ဆင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးငယ် လေပြေသွေးရဲ့ အနုပညာတွေကိုတော့ မကြာခင် ပရိသတ်တွေကြည့်ရှုရ တော့မှာ ဖြစ်ပါတယ်။ လေ ပြေသွေး ဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူဖြစ်ပေမယ့် ပထမဆုံးဇာတ်ကားအတွက် ရင်ခုန်သံတွေကို ပြောပြခဲ့ပါတယ်။

Photo: လေပြေသွေး

 

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးက မကြာခင်ရိုက်ကူးတော့မယ့် ကျားနဲ့ဆင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ် ဆောင် သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ သူ့အတွက် ပထမဆုံးဇာတ်ကားဖြစ်တာကြောင့်လည်း ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားပါတယ်။ သေသေချာချာ လုပ်ရမှာဆိုတော့လည်း အခက်အခဲတွေတော့ ဖြစ်လာမှာပါ။ ဒါပေမယ့် ဘေးနားက ဝိုင်းသင်ပေးမယ့် သူတွေကလည်း အများကြီးပါပဲ။ ဖေဖေကတော့ သမီးတို့ ရုပ်ရှင်တွေ ကြည့်ဖြစ်ကြတဲ့အခါ အိုက်တင် လုပ်တာတွေ သင်ပေးဖြစ်တယ်'' လို့ဆိုပါတယ်။

Photo: လေပြေသွေး

 

မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူ လေပြေသွေးရဲ့ မိခင် သဉ္ဇာလှိုင်က သမီးငယ်လေပြေသွေးရဲ့ အနုပညာနဲ့ပတ်သက်ပြီး အခုလို ပြောပြလာပါ သေးတယ်။ခင်ပွန်းရော၊ သမီးရော အနုပညာအလုပ်တွေ ဆောင်ရွက်နေတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ကျားနဲ့ဆင် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

'' ငယ်ငယ်ကတည်းက သူက ကတာတို့၊ တစ်ကားစ၊ နှစ်ကားစ သူရိုက်ဖူးတယ်။ သိပ်အစိမ်းကြီးတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကြီးလာ မှ လုပ်တဲ့ အနုပညာအလုပ်ကတော့ ဘေးကနေ တော်တော် ဝိုင်းသင်ကြမှာပေါ့။ ယောကျ်ားရော သမီးရော သရုပ်ဆောင်လုပ်တော့ ခေါင်းမွှေး ပြောင်တော့မယ်'' လို့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။

ရင်ခုန်ရမယ့်ဇာတ်ကား မရှိသေးဘူးဆိုတဲ့ မင်းမော်ကွန်း  

Photo: လေပြေသွေး

 

လက်ရှိမှာတော့ မင်းမော်ကွန်းနဲ့ သဉ္ဇာလှိုင်တို့ ဇနီးမောင်နှံက သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲ့ဒီမှာမှ လေပြေသွေး တစ်ယောက်တည်း သမီးလေး ပါဝင်ပါတယ်။ သမီးဖြစ်သူရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေ အကြောင်းကိုလည်း ဆက်လက်ပြောပြ ခဲ့ပါသေးတယ်။

'' သူက နည်းနည်း စကားနည်းတယ်။ သူငယ်ချင်းတွေနဲ့သာစကား ပလွတ်ပလွတ်ပြောတာ ။ အပြင် သူစိမ်းတွေနဲ့ဆိုရင် ခပ်အေးအေးပဲ နေတတ်တယ်။ ဒီနေ့ ဒီအချိန်ထိတော့ ထွေထွေထူးထူးပြောဖို့မလိုဘူး လိမ္မာနေတုန်းပဲ။ လောလောဆယ် သားငယ်လေးကိုတော့ ထိန်းရခက် တယ် အကြီးတွေကတော့ အမေ့ မျက်နှာရိပ် မျက်နှာခဲ ကိုပဲကြည့်နေကြတာ လိမ္မာကြပါတယ်'' လို့ဆိုပါတယ်။

Photo: လေပြေသွေး

 

လေပြေသွေးဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်။ အဘိုးဖြစ်သူ ဦးဇင်ဝိုင်းကလည်း လက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဥက္ကဌရာထူးကို ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မင်းမော်ကွန်းကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူး နေရသူပါ။ အဲ့ဒီနောက် အစ်ကိုဖြစ်သူ မင်းမြတ်ကလည်း ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က