လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးကြတာပါတဲ့။

အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်တဲ့ နိုင်းနိုင်းက သူများကို ပြိုင်ဖို့ထက် ကိုယ့်ကိုကိုယ်ပဲ ပြိုင်တယ်လို့ ဆိုပါတယ်။

 

အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်တဲ့ နိုင်းနိုင်းက သူများကို ပြိုင်ဖို့ထက် ကိုယ့်ကိုကိုယ်ပဲ ပြိုင်တယ်လို့ ဆိုပါတယ်။ လူတိုင်းဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ ဖြစ်တဲ့အတွက် သူများကို ကြည့်ပြီး အလုပ်လုပ်တာထက် စာရင် ကိုယ့်ကိုကိုယ်ပဲ ပြန်သုံးသပ်တယ်လို့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

"လူတိုင်းက ကိုယ့်သမိုင်းကို ရေးကြတာပါ။ အကိုကတော့ ဘယ်သူ့ကိုမှ မကြည့်ဘူး။ ကိုယ့်ကိုကိုယ်ပဲ ပြန်သုံးသပ်တယ်။ ဒီနှစ်ငါဘာလုပ် ထားလဲ ဒီနေ့ငါဘာလုပ်ထားလဲ။ နောက်ဘာလုပ်မလဲဆိုတာပေ့ါ။ ကိုယ့်ကိုကိုယ်ပဲ ပြိုင်တယ်။ တခြားသူ ဘာလုပ်လဲ အကိုမစဉ်းစားဘူး။ သူတို့တွေရဲ့ ကောင်းတာလေးတွေ ကြားရင်တော့ အတုယူတယ်။ လိုက်မပြိုင်ဘူးသူများတွေ ဇာတ်ကားတွေ အများကြီး ရိုက်နေချိန်မှာ ကိုယ်က တစ်နှစ်ကို နှစ်ကားပဲ ရိုက်တယ်ဆိုတာ ကိုယ်တကယ်ကို အချိန်မအား တာ ကြောင့် ပါ။ မိသားစုရေးနဲ့ သွားလိုက်ပြန်လိုက်နဲ့ ပြန်လာတော့လည်း တခြားဟာတွေနဲ့ဆိုတော့ တစ်လတစ်ကားကို မရိုက်နိုင်ပါဘူး။ " လို့ နိုဝင်ဘာ(၂၀) ရက်နေ့က ပြုလုပ်တဲ့ "သမုဒယ" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာပါ။

Photo : နိုင်းနိုင်း FB

 

၂၀၁၈ ခုနှစ်အတွက် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်တဲ့အခါမှာ အားရကျေနပ်မှု ရှိလားလို့ မေးကြည့်တဲ့အပေါ်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"အကို ရုပ်ရှင်လောကကို ဒုဋ္ဌဝတီ ဇာတ်ကားပေ့ါ။  ဒုဋ္ဌဝတီမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးလက်ခံတာကို တကယ့်ကို ဝမ်းသာရတယ်။ အားလည်း ရတယ်ဆိုတော့ ၂၀၁၈ ခုနှစ်အတွက် ကျေနပ်ရပါတယ်" လို့ သူက ဆိုပါတယ်။

Photo : နိုင်းနိုင်း FB

New York မှာမိသားစုနဲ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ နိုင်းနိုင်း 

ပရိသတ်တွေ အနေနဲ့ နိုင်းနိုင်းကို ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား ကြည့်ရှုပြီးနောက်ပိုင်းမှာ နောက်ထပ် သူရိုက်ကူးမယ့် ဇာတ်ကားတွေဟာ ဘယ်လိုကားတွေ ဖြစ်မလဲဆိုပြီး စောင့်ကြည့်တဲ့ အ ခြေအနေတစ်ခုထိရှိလို့လာခဲ့ပါတယ်။ အဲ့ဒီပရိသတ်တွေအတွက် ၂၀၁၈ ခုနှစ်ထဲမှာ နိုင်းနိုင်းပါဝင်ထားတဲ့ "အဆိပ်ရှိလူရိုင်း" ဆိုတဲ့  ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မတူကွဲပြားတဲ့ ကာရိုက်တာတွေနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာလည်း Golden Hour Production နဲ့အတူ "သမုဒယ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ယင်းရုပ် ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၇) ရက်နေ့တွင် စတင်ရိုက်ကူးသွားမှာ ဖြစ်ပြီး ဂမ္ဘီဆန်ဆန်နဲ့ သည်းထိပ်ရင်ဖိုတွေ ပါဝင်မယ်လို့ သိရပါတယ်။ "သမုဒယ" ရုပ်ရှင်ဇာတ်ကားမှာ နိုင်းနိုင်း၊ ထွန်းအိန္ဒြာဗို နဲ့ မေဆူးမောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။

Photo : နိုင်းနိုင်း FB

 

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ (၁၀)နှစ်ရှိပြီဖြစ်ပြီး မြင်ရသူ ပရိသတ်တွေအတွက် ကြည်နူးဖို့ ကောင်းတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က