မင်းသွေးနဲ့ ပတ်သက်ပြီး အခုမှ အင်တာဗျူးတွေ ပြန်ဖြေနိုင်တာတဲ့။

ထွန်းထွန်းဟာ မင်းသွေးဆုံးပြီးအချိန်မှာ မင်းသွေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ မဖြေနိုင်ခဲ့ပါဘူး။ ဖြေဖို့လည်း ရှောင်ခဲ့ ပါတယ်။ အခုမှ မင်းသွေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ ပြန်ဖြေနိုင်တာလို့ သူက ဆိုပါတယ်။



 

မင်းသွေး ရုတ်တရက် ကွယ်လွန်သွားပြီးတဲ့ အချိန်မှာ ထွန်းထွန်းတစ်ယောက် တော်တော့်ကို ရှော့ခ်ရသွားခဲ့ပါပြီ။ မင်းသွေးနဲ့ ညီအစ်ကိုအရင်းသဖွယ် နေခဲ့သလို မင်းသွေးရဲ့ စကားတွေကြောင့် သူဟာ အနုပညာအလုပ်တွေကို ပြန်ကြိုးစားပြီး လုပ်ကိုင်ဖြစ်လာတာလို့ Duwun Media သို့ ပြောပြခဲ့ပါတယ်။

Photo : ဝေမင်းမောင် FB

 

"ကျွန်တော် ဝေလေလေ နေခဲ့တဲ့ အချိန်တွေ ရှိတယ်။ လေးနှစ်ငါးနှစ်လောက် လောင်ပိတ်နေတဲ့အချိန်တွေပေ့ါ။ အဲ့အချိန်မှာဆို မင်းသွေးက အမြဲပြောတယ်။ ဒီတိုင်းကြီး အသက်ကြီးသွားပြီး ဘာလုပ်မှာ လဲပေ့ါ။ မရှက်ဘူးလားပေ့ါ။ ကျွန်တော် မိဘနဲ့ အဆင်မပြေတဲ့ အချိန်တုန်းက လည်း အိမ်နဲ့ အဆင်မပြေရင် ဘယ်မှာမှ မနေနဲ့ ကျွန်တော့်ဆီလာနေ။ လူတစ်ယောက်စာ အိပ်ဖို့ရယ်။ လူတစ်ယောက်စာကျွေးဖို့ရယ် ကျွန်တော်တာဝန်ယူတယ်။အဲ့တော့ ကျွန်တော်သွားနေဖြစ်တယ်။ နေတဲ့ ကာလမှာလည်း အလုပ်လုပ်ဖို့လည်း ကျွန်တော့်ကို တစ်ချိန်လုံး ပြောတာ။သူက ညီတစ်ယောက်ထက် ပိုတယ်။ ကျွန်တော့်အပေါ် စေတနာထားတာ။ ပြောရင် ပြောတဲ့အတိုင်း လုပ်ပေးတယ်။ " လို့ ထွန်းထွန်းက မင်းသွေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

စိတ်တူ၊ ကိုယ်တူ ချစ်သူလေးအကြောင်းပြောလာတဲ့ ထွန်းထွန်း 

ထွန်းထွန်းအနေနဲ့ အနုပညာအလုပ်တွေကို မင်းသွေးစကားတွေနဲ့ မိဘတွေရဲ့ မျက်နှာကြောင့် ယခုလို ပြန်ကြိုးစားဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထွန်းထွန်းဟာ မင်းသွေးဆုံးပြီးအချိန်မှာ မင်းသွေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ မဖြေနိုင်ခဲ့ပါဘူး။ ဖြေဖို့လည်း ရှောင်ခဲ့ရတယ်လို့ ထွန်း ထွန်းက ဆိုပါတယ်။

"ဒီကောင်ဆုံးတဲ့ အချိန်မှာ ကျွန်တော် တော်တော်ရှော့ခ်ရတယ်။ အင်တာဗျူးတွေ မဖြေနိုင်ဘူး။ ဖြေဖို့လည်း ရှောင်တယ်။ ကျွန်တော်နှစ်ပတ် လောက်အထိ စိတ်ကို တော်တော်ဖျက်လိုက်ရတယ်။ ကျွန်တော်ဖုန်းထဲမှာရှိတဲ့သူနဲ့ရိုက်ထားတဲ့ပုံတွေဆို ဖျက်လိုက်ရတယ်။ ပြန်မကြည့်တော့ ဘူး။သူက ကျွန်တော်စိတ်ထဲမှာ ရှိတယ်လို့ပဲ သတ်မှတ်ထားတယ်။ သူပြသွားတဲ့ တရားက ကြမ်းတယ်။ ကျွန်တော်တို့လက်ခံရမယ့်ဟာကြိးကို လက်မခံနိုင်အောင် လုပ်ပြသွားတာဗျ။ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာက ဘယ်သူမှ မသိနိုင်ဘူး။ အခုချိန်ထက် ကောင်းတာ ဘာမှမရှိဘူး။ အဲ့ဒါကို ကျွန်တော်ပိုပြီး လက်ကိုင်ထားဖြစ်တယ်။ " လို့ ထွန်းထွန်း နိုဝင်ဘာ(၁၈) ရက်နေ့က ပြုလုပ်တဲ့ "မင်္ဂလာရက်မြတ်" ပွဲမှာ Duwun Media သို့ ဖြေဆိုခဲ့တာပါ။

ထွန်းထွန်းဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာ တွေ့ရပါတယ်။ မကြာခင်မှာလည်း "ကြောက်ကြောက် ကြောက်၂" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ ရှိပါသေးတယ်။

သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က