ဘယ်အချိန်က ဖြစ်မလဲ။

သူ့ရဲ့ ဘဝမှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မာန်တက်ခဲ့မိတဲ့ အချိန်တွေ ရှိခဲ့တယ်လို့ရင်ဖွင့်လာပါတယ်။



Photo : အလင်းရောင် FB

 

အလင်းရောင်ဟာ သရုပ်ဆောင်လောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အလင်းရောင်က အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်မှုရနေတဲ့ လူတွေ တော်တော် များများမှာ မာန်တက်ချင်တဲ့ စိတ်လေးတွေ ရှိကြတယ်လို့ ဆိုပါတယ်။

အဲ့ထဲမှာ သူလည်း အပါအဝင်ပါပဲတဲ့။ သူ့ရဲ့ ဘဝမှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မာန်တက်ခဲ့မိတဲ့ အချိန်တွေ ရှိခဲ့တယ်လို့ရင်ဖွင့်လာပါတယ်။

Photo : အလင်းရောင် FB

 

"ဖေ့စ်ဘွတ်မှာ Like တွေ ရတာ နည်းနည်းများလာရင် ငါအောင်မြင်နေပြီပဲ င့ါကို လူသိနေပြီဆိုပြီး ဖြစ်ခဲ့တယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတစ်ခုရတဲ့သူတွေဆို တော်တော်များများ အဖြစ်များပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်တယ်။ကိုယ့်ကိုကိုယ်ပြန်ပြီး Control လုပ်လိုက်ရတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော်အဲ့လို မာန်တက်ခဲ့တယ်။ င့ါကို လူသိနေပြီပေ့ါ။ ပြီးလည်းပြီးကော အပြင်မှာ ဇာတ်ကား ကြည့်နေတဲ့ ပရိသတ်တွေက မသိဘူး။ကျွန်တော့်ကို သိတယ်ဆိုတာ ဖေ့စ်ဘွတ်ကလူအနည်းးစုလောက်ပဲသိတာ။ ငါက ဘာမှမ ဟုတ်သေးဘူးပဲ ဆိုပြီး ပြန်ပြီးတော့ အတွေးဝင်မိတယ်။ ကိုယ့်ကိုကိုယ်ပြန်ပြီးချိုးနှိမ်တယ်။"လို့ ယခင်က သူဖြစ်ခဲ့တဲ့  ခံစားချက်နဲ့ ပတ်သက်ပြီး ရင်ဖွင့်ထားတာပါ။

Photo : အလင်းရောင် FB

 

အခုနောက်ပိုင်းမှာတော့ သူ့အနေနဲ့ မာန်တက်ဖို့လည်း အစီအစဉ်မရှိသလို အဲ့လိုလည်း ဖြစ်လည်း မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

"အခုနောက်ပိုင်းမှာလည်း မာန်တက်ဖို့လည်း အစီအစဉ်မရှိဘူး။ ဖြစ်လည်းမဖြစ်ဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ကိုတော့ အကောင်းဆုံး ကြိုးစားတယ်။ လုပ်တယ်။ အဲ့အတွက်  ပြန်လာတဲ့ Feedback က ကောင်းတာတွေရှိတယ်။ ကိုယ်လုပ်ထားတဲ့  အလုပ်တစ်ခုဆိုတော့ ကျေနပ်တာပေ့ါ။ အဲ့အပြင်တော့ ငါအောင်မြင်နေတယ်ဆိုပြီး တစ်ခါမှ မတွေးတော့ဘူး ကြောက်သွားတယ်"လို့ နိုဝင်ဘာ(၁၆) ရက်နေ့က ပြုလုပ်တဲ့ Be young cosmetic ရိုက်ကွင်းမှာ Duwun Media သို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : အလင်းရောင် FB

သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်သွားတဲ့ အလင်းရောင် 

သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အလင်းရောင်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားနေ သူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိ ခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

အလင်းရောင်ဟာဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ "ကံ့ကော်နီ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါသေး တယ်။ ကံကော်နီ ရုပ်ရှင်ဇာတ် ကားမှာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

Photo : အလင်းရောင် FB

 

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ် ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဆက်လက်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က