မြင်နေကျ ပုံစံတွေထဲက ကွဲထွက်အောင် ကြိုးစားနေတယ်တဲ့။

၂၀၁၉ခုနှစ်ထဲမှာလည်း ပရိသတ်တွေအတွက် အနုပညာပိုင်းရော ဖက်ရှင်ပိုင်းမှာပါ ထူးထူးခြားခြား ပြောင်းလဲသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။



Photo : သင်ဇာဝင့်ကျော် FB

 

သရုပ်ဆောင် သင်ဇာဝင့်ကျော်က လက်ရှိမှာ ဒါရိုက်တာ အောင်မြတ်နဲ့ အတူ Midnight ဆိုတဲ့ သရဲကားလေး တစ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားမှာ သူမနဲ့အတူ စိုင်းဝဏ္ဏအောင်၊ အောင်ရဲထိုက်၊ သိန်းလင်းစိုး၊ နန်းခင်ဇေယျာတို့က အဓိက ပါဝင်ထားတယ်လို့ သိရပါတယ်။

" Midnight "တစ်ညတာဖြစ်သွားတဲ့ အဖြစ်အပျက်လေးကို ရိုက်ကူးထားတဲ့ သရဲကားလေးဖြစ်တယ်လို့ သူမက နိုဝင်ဘာ(၃၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၁၁၉ ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာပါ။

119 ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော် ဖက်ရှင်

 

သူမအနေနဲ့ နှစ်သစ်မှာလည်း ပရိသတ်တွေအတွက် အနုပညာပိုင်းရော ဖက်ရှင်ပိုင်းမှာပါ ထူးထူးခြားခြားလေး ပြောင်းလဲပြီး လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

"ကိုယ်က ကိုယ်အတွက် ထူးခြားဆန်းပြားတာလေးတွေပဲ လုပ်သွားဖို့ ရှိတယ်။ ဘာလို့လည်း ဆိုတော့ ပရိသတ်တွေ ကိုယ့်ကို တသမတ်တည်း မြင်ခဲ့တာဆယ်စုနှစ်ကျော်သွားပြီဆိုတော့ ဒီပုံစံထဲက ကွဲထွက်ပြီး နောက်တစ်မျိုးပြောင်းလဲပြီးတော့ သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်။ ဖက်ရှင်ကော သရုပ်ဆောင်ပိုင်းကောပေ့ါ" ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

119 ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော် ဖက်ရှင်

ဟက်ကာတွေကို မေးခွန်းပြန်ထုတ်လိုက်တဲ့ သင်ဇာဝင့်ကျော် 

အသက် ၃၀ ရှိပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒါအပြင် လှပတဲ့ သူ့ဘေးနားမှာတော့ ကောင်လေးချောချောလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အသေအချာပါပဲ။

'' သန့်သန့်ပြန့်ပြန် နေတတ်တဲ့သူ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိတဲ့လူ၊ ဝတ်ပုံစားပုံတွေဆိုလည်း K pop ဒီဇိုင်းတွေ မဟုတ်ပဲနဲ့ ရှုပ်ရှက်ခတ် မနေပဲ T-shirt နဲ့ ဂျင်းဘောင်းဘီလေး ဝတ်ရင်တောင်မှ ဆွဲဆောင်မှုရှိမယ့် ပုံစံမျိုး သဘောကျတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ က လျှို့ဝှက်စာတမ်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

119 ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော် ဖက်ရှင်

 

သူမဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲ ခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တစ်ယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကို နားလည်ပေးနိုင်မယ့် ချစ်သူ ကိုတော့ ရွေးချယ်နေတုန်းပဲ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က