သူ့ဘက်ကလုံးဝသေချာနေပြီတဲ့။

ကိုယ်ပိုင်အချိန်တွေအားလုံးကို ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်ခဲ့တဲ့ လူပျိုကြီး ဝေဠုကျော်ရဲ့ မင်္ဂလာသတင်းက မကြာခင်မှာ ကြားရတော့မှာပါ။



 

ကိုယ်ပိုင်အချိန်တွေအားလုံးကို ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်နေရတဲ့ သရုပ်ဆောင် ဝေဠုကျော်က အခုချိန်ထိ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ဝေဠုကျော်ဟာ အဲ့ဒီဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်တော့မယ့် အခြေအနေမရှိတော့ပါဘူး။

 

ဘာလို့လည်းဆိုတော့  သူအရမ်းချစ်ရမယ့် သူကို တွေ့ထားပြီလို့ မီဒီယာတွေကနေ တဆင့် ရင်ဖွင့်လိုက်တာကြောင့်ပါ။ ချစ်သူရနေပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဝေဠုကျော်က  Duwun media ကို ယခုလို ပြောပြခဲ့ပါတယ်။

"ရည်းစားရနေပြီလိုတော့ မဟုတ်ပါဘူး။ နီးစပ်နေပါပြီ။ အနုပညာလည်း ပြောလို့ရတယ်။ သူက အနုပညာလည်း ပြောလို့ရတယ်။ ပရဟိတ လည်း ပြောလို့ရတယ်။ အဲ့လို ကြားထဲက ရွေးထားတာပေ့ါ။ သတင်းကောင်းက ကြားချင်လည်း ကြားရမယ်။ မကြားချင်လည်း မကြားရဘူး ပေ့ါနော်။ ကျွန်တော်တစ်ကယ် အိမ်ထောင်ပြုမယ်ဆိုတာ တစ်ကယ်ချစ်လို့ပါ။ တအားချစ်လို့ပါ။ အချစ်တွေ အဆုံးသတ်မယ့် အချိန် ရောက်လာ တော့မှာပေ့ါနော်။ ကျွန်တော်တအားချစ်တဲ့သူတွေ့ထားပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော့်ဘက်ကတော့ သေချာသွားပြီ သူ့ဘက်ကတော့ ရဲစခန်းတိုင်ထားတယ်" လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြို အဖွားအိုတစ်ဦးကို အကျႌဝတ်တတ်အောင် သင်ပေးနေတဲ့ ဝေဠုကျော် 

သူ့ရဲ့ လက်ရှိအရွယ်ဟာ လှိုင်းပုတ်တိုင်း သစ်ရွက်လှုပ်လိုင်း ရင်ခုန်တတ်တဲ့ အရွယ်မဟုတ်တော့တာကြောင့် အချစ်တွေ စစ်မှသာ ချစ်ချင်တော့တာဆိုပြီး သူက ဆက်လက်ပြောပြထားပါသေးတယ်။

"လူတစ်ခါ တစ်ခါတလေ လောကမှာအချစ် ဆိုတာက အင်မတန်မှ နူးညံ့သိမ်မွေ့တယ်။ တစ်ခါတလေကျရင် ဒီတိုင်းလေး ကြည့်ပြီးချစ် နေရတာ ကိုက အရသာတစ်မျိုးပေ့ါ။ ပွင့်ပွင့်လင်းလင်း သိလိုက်ပြီးမှ ချစ်ရတာလည်း အရသာ တစ်မျိုးပေ့ါ။ ရခြင်း ပိုင်ဆိုင်ခြင်းတွေ ပါလာမှ ချစ်ရတာ လည်း အရသာတစ်မျိုး။ မရလိုက်တော့လည်း ချစ်နေဦးမှာပေါ။ ဟိုတုန်းက အချစ်က သစ်ရွက်လှုပ်လို့ လှိုင်းပုတ်ရင် ရင်ခုန်တတ်တဲ့ အရွယ် လေ။ကျွန်တော်က အခု သစ်ရွက်လှုပ်လို့ လှိုင်းပုတ်ရုံနဲ့ ရင်မခုန်တော့ဘူး တစ်ခါအချစ်တွေ စစ်မှ ချစ်ချင်တော့တာ" လို့ ဒီဇင်ဘာ(၃) ရက်နေ့ က ပြုလုပ်တဲ့  လူမှုထူးချွန်ဆုချီးမြှင့်ပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဝေဠုကျော်က သူဟာအရမ်းကို ချစ်တတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ဘဝမှာ အကြောင်းကြောင်းကြောင့် လွဲချော်ခဲ့တာ တွေအများကြီး ရှိသလို မှားယွင်းခဲ့တာတွေလည်း အများကြီးရှိပါတယ်တဲ့။ လက်ပြနှုတ်ဆက်သွားသူတွေအားလုံးကိုလည်း သူ့အနေနဲ့ ကျေးဇူး တင်သလို သူလက်ပြနှုတ်ဆက်ခဲ့ရသူတွေအကုန်လုံးကိုလည်း တောင်းပန်ပါတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ ပါသေး တယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြု အလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က