Fan တွေ သွားကြို ကြမှာလား။

F4 (Boys Over Flower) ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဂင်ဂျန်ဒီ မင်းသမီးလေးချောလေးက ဒီဇင်ဘာ(၁၃) ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။



Photo : Google

 

F4 (Boys Over Flower) ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဂင်ဂျန်ဒီ မင်းသမီးလေးချောလေးက မကြာခင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မင်းသမီးချောလေး ဂူဟဲဆောန်က မြန်မာနိုင်ငံကို ဒီဇင်ဘာ(၁၃) ရက်နေ့တွင် ရောက်ရှိ မယ်လို့ သိရပါတယ်။

Photo : Google

 

ဒီဇင်ဘာ(၁၃) ရက်နေ့တွင် Korea Air Line နဲ့ ည(၁၀)နာရီ မှာ မြန်မာနိုင်ငံသို့ ရောက်ရှိမယ်လို့ RAU Entertainment က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

" မြန်မာနိုင်ငံကို ၁၃ရက်နေ့ ည(၁၀)နာရီမှာ ရောက်မှာပါ။ လေဆိပ်မှာတော့ ရိုက်ကူးရေးလုပ်ခွင့်တွေဘာတွေ မတောင်းထားတဲ့အတွက် လေယာဉ်ဆိုဒ်တာနဲ့ ဟိုတယ်ကိုတန်းခေါ်သွားမှာပါ" လို့ ၎င်းက Duwun Media သို့ ဖြေဆိုပေးပါတယ်။

Photo : Google

မြန်မာနိုင်ငံကို လာမယ့် ကိုရီးယားမင်းသမီးချောလေး ဂူဟဲဆောန် 

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်The 1st Korea-Myanmar Film Festival  ကို တက်ရောက်မယ့် မင်းသမီး ဂူဟဲဆောန်က မြန်မာပရိသတ်တွေနဲ့ တွေ့ဖို့ အရမ်းကို စိတ်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။

"ပထမဦးဆုံး အကြိမ် ကျင်းပတဲ့ ကိုရီးယား မြန်မာရုပ်ရှင်ပွဲတော်ကို စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။ဒီတစ်ခေါက် ရုပ်ရှင်ပွဲတော်က တစ်ဆင့် ကိုရီးယားနဲ့ မြန်မာရုပ်ရှင် ယဉ်ကျေးမှု ဖလှယ်ခြင်းတွေ ချောချောမွေ့မွေ့ဖြစ်ဖို့ မျှော်လင့်ပါတယ်။ (၁၂)လပိုင်း (၁၄) ရက်နေ့ ပထမဆုံးအ ကြိမ် ကိုရီးယားမြန်မာရုပ်ရှင်ပွဲတော်ကို အများကြီး တက်ရောက်အားပေးကြပါ။ ကျွန်မလည်း မြန်မာက ပရိသတ်ကြီးနဲ့ မြန်မာရောက် ကိုရီးယားပရိသတ်ကြီးတွေနဲ့ တွေ့ဆုံရမှာကိုလည်းအရမ်းစိတ်လှုပ်ရှားမိပါတယ်"လို့ RAU Entertainment က တစ်ဆင့်ပရိသတ်တွေအတွက် ပြောထားပါတယ်။

Photo : RAU Entertainment

RAU Entertainment က စီစဉ်ပြုလုပ်တဲ့ ပထမဆုံးအကြိမ် ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော် The 1st Korea-Myanmar Film Festival ကို ဒီဇင်ဘာ(၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ရန်ကုန်မြို့မှာရှိတဲ့ Waterboom Event Area မှာ ခမ်းနားစွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ယင်းပွဲမှာ ကိုရီးယားအနုပညာရှင်များနဲ့ မြန်မာအနုပညာရှင်များစွာ တက်ရောက်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က