အခုဆိုရင် အံ့သြစရာကောင်းအောင် ဝနေတာကို တွေ့ရပါတယ်။

ကျော်ကျော်ဗိုက မျက်နှာတစ်ခုတည်းနဲ့ သရုပ်ဆောင်တာထက် ခန္ဓာကိုယ်အပြောင်းအလဲအပေါ် စိန်ခေါ်ပြီးရိုက်ရတဲ့ ကာရိုက် တာ မျိုးကို ပို သဘောကျတယ်လို့ ဆိုပါတယ်။ အခုဆိုရင်လည်း သူ့ရဲ့ ခန္ဓာကိုယ်က အရင်ကနဲ့ မတူအောင် ပြောင်းလဲနေတာကို တွေ့ရပါတယ်။



 

သရုပ်ဆောင် ကျော်ကျော်ဗိုက ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုလည်း သူကိုယ်တိုင်က ဝမ်းသာအားရနဲ့ လက်ခံ ရိုက်ကူးဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

'' ၁ လပိုင်း ကားမှာ ကိုကြံ့က နယ်မြို့မှာနေတဲ့ လူတစ်ယောက်ပေါ့နော်။  သူ့ရဲ့ ပုံသဏ္ဍာန်ကိုက ဝဝ ဖိုင့်ဖိုင့်ကြီး နဲ့ ကိုကျော်စွာဆိုတဲ့ လူ တစ် ယောက် ရဲ့ ပုံစံပေါ့နော်။ ပထမကတော့ ဆီလီကွန်နဲ့ လုပ်မလို့ ဒါပေမယ့် ကိုကြံ့ကိုယ်တိုင်က လေးပင်နေတဲ့ စိတ်ခံစားမှုတွေနဲ့ ကိုကြံ့က ကာ ရိုက်တာတစ်ခု ကို လုပ်ချင်တာပေါ့။ နဂိုကတည်းကလည်း မျက်နှာလေး တစ်ခုတည်းနဲ့ အိုက်တင်လုပ်နေတာထက်စာရင် ခန္ဓာကိုယ်ရဲ့ အနု ပညာ တွေနဲ့လည်း ပရိသတ်ကို ဖန်တီးပေးချင်တဲ့ စိတ်က ရှိတော့ အဲ့ဒီလို ကာရိုက်တာ လာတဲ့အချိန်မှာ ဝမ်းသာ သွားတာပေါ့နော်'' လို့ သူက ဆိုပါတယ်။

Photo: ကျော်ကျော်ဗို

 

ကျော်ကျော်ဗိုဟာ ခန္ဓာကိုယ် ဝဖြိုးလာတာကြောင့် သူ့ရဲ့ စိတ်ခံစားမှုကလည်း ပြောင်းလဲ လာခဲ့တယ် ဆိုတဲ့ အကြောင်းကို ဒီဇင်ဘာလ ၅ ရက်နေ့က ''ပုံရိပ်" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။ ဒီအကြောင်းအရာကိုလည်း သဘောကျရယ်မောရင်း ပြောပြလာတာ ဖြစ်ပါတယ်။

'' နဂိုတုန်းက ကြွက်သားတွေရှိနေတဲ့ ဗိုက်က အခု ပူပူကြီးဖြစ်နေတော့ ကိုယ်ကိုယ်တိုင်တောင် အထ အသွားက လေးနေပြီလေ။ အိပ်ရာကပဲ ထထ၊ ထိုင်နေတာကပဲ ထထ ကျွတ် ကျွတ် ကျွတ်တောင် ဖြစ်နေပြီ။ ဒါက စိတ်ခံစားမှုတောင် ပြောင်းသွားတယ် ဆိုတာပေါ့လေ။ ခန္ဓာကိုယ် ပြောင်းတဲ့အချိန်မှာ စိတ်ခံစားမှုတွေလည်း ပြောင်းမယ်။ ကိုယ့်ရဲ့ လှုပ်ရှား သွားလာမှုတွေလည်း ပြောင်းတယ်'' လို့ သူကဆိုပါတယ်။

ခိုင်မာတဲ့ မိသားစုလေးအကြောင်းပြောလာတဲ့ ကျော်ကျော်ဗိုနဲ့ဇနီး 

 

စမတ်ကျတဲ့ ခန္ဓာကိုယ်အချိူးအစားကနေ ခန္ဓာကိုယ် ဝဝဖြိုးဖြိုး ဖြစ်အောင်လို့ ကြိုးစားခဲ့ရတဲ့ အပိုင်းတွေကိုလည်း ကျော်ကျော်ဗိုက အခုလို ပြောပြလာပါတယ်။

'' အခုဆို စားနေတယ်၊ တွေ့သမျှ ပါးစပ်ထဲ ကောက်ထည့်၊ ကြုံသလိုစားတယ်၊ သတိရတိုင်း စားတယ်။ တော်တော်စားတယ်။ အဆီအစိမ့်တွေ စားတယ်။ ကိုယ်ကြံ့က ဒီဇာတ်ကားရိုက်ပြီးရင် ချက်ချင်း ဝိတ်ပြန်ချမှာ ။ ၃ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားကျတော့ ဝ လို့မရတော့ဘူး။ ကိုယ့် ဘဝမှာ ဒီလိုမျိုး စိန်ခေါ်မှုလေးတွေကို ဖြတ်သန်းရတာက ပိုတန်ဖိုးရှိမယ်လို့ ထင်ပါတယ်'' လို့ ဆိုပါတယ်။

Photo: ကျော်ကျော်ဗို

 

လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မကြာခင်မှာလည်း '' ပုံရိပ်'' ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူးတော့မှာပါ။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ် တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က