Tomboy တွေ ကြိုက်တာလည်း ခံချင်တယ်လို့ ဆိုပါတယ်။

အချစ်ကို ကျား၊ မ မခွဲတတ်တဲ့ နေခြည်ဦးက Tomboy လေးတွေ ကြိုက်တာလည်း ခံချင်ပါတယ်တဲ့။ ဒီဇင်ဘာ(၁၄) ရက်မှာလည်း သူမပါဝင်ထားတဲ့ "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာပါ။



 

Beauty Blogger ကနေ သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့တဲ့ နေခြည်ဦးက သူမရဲ့ဘဝမှာ အချစ်ကို ကျား၊မ ခွဲထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ကောင်မလေးတွေဆိုလည်း ၁၅၀၀ နဲ့ ချစ်လိုက်သလို ၅၂၈ နဲ့ ချစ်တာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

 

"Tomboy တွေ အကြိုက်ခံချင်နေပါတယ်။ ကိုယ့်ကို မတွေ့သေးတာနေမယ်။ ဒီကားလေးများတွေ့ရင် ကိုယ့်ကိုပဲ တွေ့မလားပဲ။ နေခြည်က အချစ်မှာ ကျားမခွဲတာမရှိဘူး။ နေခြည် ကောင်မလေးတွေဆိုလည်း ၁၅၀၀ နဲ့ ချစ်လိုသလို ၅၂၈ နဲ့လည်း ချစ်လိုက်တာပဲ။ ကျားမ မခွဲဘူး။ အဲ့ဒါကြောင့် ကျားကျားချင်းကြိုက်တာပဲဖြစ်ဖြစ် မမချင်းကြိုက်တာပဲ ဖြစ်ဖြစ် နေခြည်က အားလုံး Welcome ပါပဲ။ နေခြည်က Tomboy တွေလည်း ချစ်တယ်။ Gay တွေလည်း ချစ်တယ်။ " လို့ ဒီဇင်ဘာ(၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကား အထူးပြပွဲနေ့မှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

 

အရမ်းကို ချစ်တတ်တဲ့ သူမရဲ့စိတ်ကူးထဲက အိမ်ထောင်ဘက် ပုံစံမျိုးက ဘယ်လိုဖြစ်မလဲဆိုတာလည်း နေခြည်က ပြောပြခဲ့ပါသေးတယ်။

''နေခြည်လိုချင်တဲ့ ယောကျ်ားကတော့ နားလည်မှုအများကြီးပေးနိုင်ရမယ်၊ အရမ်း စမတ်ဖြစ်ရမယ်။ အဓိက က နင်ဘာကောင်လဲ၊ ငါ ဘာကောင်လဲ။ နင် ဦးနှောက်ဘယ်လောက်ရှိလဲ၊ ငါ ဦးနှောက်ဘယ်လောက်ရှိလဲ ပြိုင်တာမဟုတ်ဘူး။ ဒါမှလည်း ကိုယ်သွားချင်တဲ့ လမ်းကြောင်း ကို အတူတူသွားနိုင်မယ်လို့ ထင်တယ်'' လို့ သူမက နိုဝင်ဘာလ ၁၇ ရက်နေ့က Shiseido Myanmar ပွဲမှာ ပြောပြခဲ့ပါတယ်။

နေခြည်ဦးက သရုပ်ဆောင်တစ်ယောက်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် အဆင့်မြှင့်ရုပ်ရှင်ရုံ တွေမှာ ရုံတင်ပြသပြီဖြစ်ပါတယ်။နေခြည်ဦးအတွက်တော့ ''ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးဟာ အနုပညာနဲ့ ပတ်သက်တဲ့ သရုပ်ဆောင် လောကထဲကိုဝင်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် နေခြည်ဦးရဲ့ အိမ်ထောင်ရေးခံယူချက်

ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဆိုပေမယ့်လည်း သူမအနေနဲ့ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တယ်လို့ မီဒီယာအင်တာ ဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ နောက်ထပ်လည်း ''ဧည့်သည်''ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ''အောက်ဖဲမလှန်ကြေး''ဆိုတဲ့ ရုပ်ရှင်ကားကြီးတွေ မှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

 

''ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာမီးပွား ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင် နေမင်း၊ ဝတ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေခြည်ဦးက UTYCC က ပထမနှစ်ကျောင်းသူ လေပြေနု ဆိုတဲ့ ကောင်မ လေးနေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကာ းကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က