မနက်ဖြန် မင်္ဂလာဦး ဆွမ်းကပ်အလှူတဲ့။

လူပျိုကြီး သူထူးစံက ဒီဇင်ဘာ(၉)ရက်နေ့ မနက်မှာ ချစ်သူကောင်မလေးနဲ့အတူ မင်္ဂလာဦးဆွမ်းကပ်အလှူကို တပ်ကုန်းမြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ ပြုလုပ်သွားမှာပါ။

 

သရုပ်ဆောင် သူထူးစံတစ်ယောက် ၂၀၁၈ ခုနှစ်မကုန်ခင် အချိန်ကာလလေးမှာ ပရိသတ်တွေကို Surprise လုပ်လိုက်ပါတယ်။ ဒီနေ့ ဖေ့စ်ဘွတ်မှာပြန်နေ့တဲ့ သူထူးစံရဲ့ မင်္ဂလာဦးဆွမ်းကပ် အလှူဖိတ်စာကြောင့် ပရိသတ်တွေ အားလုံး အံ့သြခဲ့ရပါတယ်။ သူထူးစံဟာ ဒီဇင်ဘာ(၉) ရက်နေ့မှာ ချစ်သူကောင်မလေးနဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို တပ်ကုန်မြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

သူ့ရဲ့ လက်တွဲဖော် ဇနီးလောင်းကလည်း အနုပညာလောကထဲက ဖြစ်ပါတယ်။ အကယ်ဒမီ ပန်းကိုင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ထိုက်ဆုဝင်းပါ။ သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို နှစ်ဖက်မိဘများနဲ့အတူ နေပြည်တော်၊ တပ်ကုန်းမှာရှိတဲ့ ငွေတောင်တောရစာသင်တိုက်မှာ နံနက်(ရး၀၀) နာရီကနေ (၁၁း၀၀) နာရီအထိ ကျင်းပပြုလုပ်မှာပါ။

သူထူးစံဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို သိပ်အသိမပေးခဲ့ပါဘူး။ အခုလိုမျိုး မင်္ဂလာသတင်းကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်။ ၂၀၁၈ခုနှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲဆိုပြီး စိတ်ဝင်စားနေကြတာလည်း တွေ့ရပါတယ်။

 

အနုပညာအလုပ်တွေနဲ့ ခဏကြာ အလှမ်းဝေးနေခဲ့တဲ့ သရုပ်ဆောင် သူထူးစံကတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးလာခဲ့ပါတယ်။ သူဟာ အနုပညာလောကနဲ့ ခဏကြာ ဝေးကွာနေချိန်မှာလည်း ဇာတ်ကားကောင်းကောင်း၊ ကာရိုက်တာကောင်းကောင်းတွေနဲ့ လာကမ်းလှမ်းမလားဆိုတာကို စောင့်မျှော်နေပေမဲ့ လာရောက်ကမ်းလှမ်းမှု မရှိခဲ့ဘူးလို့ဆိုပါတယ်။ သူဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ဗီဇရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က