ဘာလို့များပါလိမ့်။

 

 

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်က ၂၀၁၉ ခုနှစ်ထဲမှာ ဇာတ်ကားတွေ လျှော့ရိုက်သွား မယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းအများမရိုက်တော့ဘဲပရိသတ်တွေအတွက်ကော သူမအတွက်ပါ ကြည့်ကောင်းမယ့် ဇာတ်မျိုးတွေကို သေချာပြင်ဆင်ပြီး ရိုက်ကူးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

 

"၂၀၁၉ ခုနှစ်ထဲမှာ ကစ်က ဇာတ်ကားတွေကို နည်းနည်းလေးနဲ့ ရွေးရိုက်မယ်။ အများကြီးလည်း မရိုက်ဘူး။ ပရိသတ်တွေအ တွက် ရောကိုယ်လည်း တစ်ကယ်ရိုက်ချင်တဲ့ဇာတ် ပရိသတ်တွေအနေနဲ့လည်း တကယ့်ကို ကြည့်ကောင်းမယ့် ဇာတ်မျိုးတွေကို ကစ်နည်း နည်းလေးနဲ့ သေချာစီစစ်ပြီး ရိုက်ကူးသွားမယ်လို့ စဉ်းစားထားတယ်။ ကစ်သေချာလေ ပြင်ဆင်ပြီး ရိုက်ချင်လို့ပါ" ဆိုပြီး ဒီဇင်ဘာ(၆) ရက်နေ့က ပြုလုပ်တဲ့" ရန်သူ" ဇာတ်ကားအထူးပြသပွဲမှာ Duwun Media သို့ ပြောပြခဲ့တာပါ။

သူမပါဝင်ထားတဲ့ "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဝတ်မှုံရွှေ ရည်ဟာ Tomboy တစ်ယောက် ကာရိုက်တာနဲ့ တွေ့မြင်ရမှာပါ။

"ရန်သူ"ဇာတ်ကားကို ဒါရိုက်တာ ဦးမီးပွားက ရိုက်ကူးထားတာ ဖြစ်ပြီး နေမင်း၊ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ် ဆောင်ထားတာပါ။ အဲ့ဒီဇာတ်ကားမှာ ဝတ်မှုံရွှေရည်ကိုမြင်နေကျ ဇာတ်ရုပ်တွေထဲက ကွဲထွက်ပြီးမြင်တွေ့ရမှာပါ။

 

ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ  ပွဲလမ်းသဘင်တွေ တက်ဖြစ်နေသလို ကြော်ငြာရိုက်ကူးမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်နေရတာ တွေ့ရပါတယ်။ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့ လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

 

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ် ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က