သူထူးစံက ဒီနေ့မှာပဲ မင်္ဂလာဆောင်ခဲ့တာပါ။

ဖူးစုံက ဒီနေ့မှာ မင်္ဂလာဆွမ်းကျွေးခဲ့ကြတဲ့ သရုပ်ဆောင် သူထူးစံနဲ့ သရုပ်ဆောင် ထိုက်စုဝင်းတို့ အတွက် မင်္ဂလာဆုတောင်း စကားပြောပြခဲ့ ပါတယ်။ သူထူးစံ ကိုယ်တိုင်ကလည်း ဇနီးဖြစ်သူကို တော်တော်လေးချစ်တဲ့အကြောင်းတွေ ပြောပြလာပါ သေးတယ်။


 

သရုပ်ဆောင် ဖူးစုံက ဒီဇင်ဘာလ ၉ ရက်နေ့မှာပဲ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့တဲ့ သူထူးစံအကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာ မောင်နှမတွေ စုပြီး မကြာခဏတွေ့ဆုံဖြစ်ကြပေမယ့် မင်္ဂလာပွဲ နဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ သိခဲ့ရတဲ့ အကြောင်းတွေကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အစ်မတို့တွေ ဆုံကြတော့ သူ ယူတော့မယ်ဆိုတဲ့အကြောင်းပြောတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူ အသက်ရလာတဲ့အချိန်မှာ သူ အထီးကျန်လာတယ်ပေါ့။ အဲ့ဒီတော့ မင်္ဂလာဆောင်ဖို့ ဆိုတာကို သူတွေးလာတယ်။ အရင်တုန်းက ကျတော့လည်း ငယ်လည်းငယ် အလုပ်က လည်းကောင်းနေတာကိုး။ ပြီးတော့ မိသားစုကလည်း ရှိသေးတယ်လေ'' လို့ ဆိုပါတယ်။

Photo: Make Up Wine

 

သူထူးစံဟာ အနုပညာအလုပ်တွေ ဆက်တိုက် လုပ်နေရတဲ့ အချိန်တုန်းက မိသားစုအတွက်သာ အချိန်ကုန်ဖြစ်ခဲ့တယ်သူတစ်ယောက်ဆိုတာ ကိုလည်း ဖူးစုံက ပြောပြခဲ့ပါတယ်။ အခုချိန်မှ အိမ်ထောင်ပြုဖြစ်ခဲ့တဲ့ သူထူးစံရဲ့ ခံစားချက်ကိုလည်း ဒီဇင်ဘာလ ၈ ရက်နေ့ညက Myanmar International Fashion Week ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' အခုချိန်မှာ သူ့ညီမလေးတွေကလည်း သူ့အိမ်ထောင်နဲ့သူ ဖြစ်သွားကြပြီ။ အားလုံးကိုလည်း ပြည့်စုံအောင် လုပ်ထားပေးပြီးပြီဆိုတော့ သူ့တာ ဝန်ကျေသွားပြီပေါ့နော်။ အဲ့ဒီအခါမှာလည်း သူက Lonely ဆန်တဲ့ ပုံစံဖြစ်လာတယ်ပေါ့။ ဒါကြောင့်လည်း အိမ်ထောင်ပြုခြင်းကို သူ စိတ်ဝင်စား ပြီးတော့ လက်ထပ်ဖြစ်တယ်ပေါ့နော်'' လို့ သူကဆိုပါတယ်။

အပျိုကြီး ဖူးစုံရဲ့ အိမ်ထောင်ရေးအပေါ် သဘောထား 

Photo: ဖူးစုံ

 

ဖူးစုံက ဒီနေ့မှာပဲ မင်္ဂလာဦးဆွမ်းကပ်ကျွေးအလှူလုပ်ခဲ့ကြတဲ့ သရုပ်ဆောင် သူထူးစံ နဲ့ သရုပ်ဆောင် ထိုက်စုဝင်းတို့ အတွက်လည်း မင်္ဂလာ ဆုတောင်း စကားဆိုခဲ့ပါတယ်။

'' တကယ်လည်း သူ ကောင်မလေးကို တော်တော်ချစ်တယ်။ တကယ်လည်း နှစ်နှစ်ကာကာဖြစ်လို့ ပါ။ အစ်ကို့ကို ကြည့်ရတာ သူ တအားကို ချစ်လို့ လက်ထပ်တဲ့ အဆင့်ထိဖြစ်သွားတာပေါ့နော်။ အစ်ကိုက သူ့ထက်ငယ်တာကို ရွေးထားတာနော်။ တော်တော်ကိုငယ်တာ။ အပြင်ပိုင်း လိုက်ဖက်ညီတာထက် စိတ်သဘောထားခြင်း လိုက်ဖက်ညီဖို့အရေးကြီးတယ်။ ကာလာတွေ ညီကြပါစေလို့ ဆုတောင်းပါတယ်'' လို့ ဆက်လက် ပြောပြလာပါတယ်။

Photo: ဖူးစုံ

 

သရုပ်ဆောင် ဖူးစုံ ၊ သရုပ်ဆောင် သူထူးစံ တို့ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ အတူတူ ရိုက်ကူးခဲ့ကြတဲ့ အနုပညာမောင်နှမတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူထူးစံက အိမ်ထောင်ပြုခဲ့ပြီဖြစ်ပေမယ့် ဖူးစုံ ကတော့ အခုချိန်ထိ ချစ်သူမရှိတဲ့ အပျိုကြီး တစ်ယောက် ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလည်း လုပ်ကိုင်နေတာဖြစ်သလို၊ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က