ဒါကြောင့်လည်း ခိုင်မာတဲ့ မိသားစုလေးဖြစ်နေတာကိုး။

ပြေတီဦးက လက်ရှိမှာ သူပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးအကြောင်းကို ပြောပြလာပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေး ဖြစ်လာဖို့အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုရှိဖို့ အဓိက ကျတဲ့ အကြောင်းတွေ ပြောပြ လာပါတယ်။



Photo: ပြေတီဦး

 

သရုပ်ဆောင် ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် တို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ပြေတီဦးက မီဒီယာတွေကနေတဆင့် ပြောပြ လာ ပါတယ်။ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်တာကြောင့်လည်း စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဖြစ်ဖို့အတွက် ဇနီးမောင်နှံ နှစ် ယောက်ရဲ့ နားလည်မှုတွေကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' ကျွန်တော်တို့ ဖြတ်သန်းကြတဲ့ပုံတွေ၊ ရှင်သန်ကြတဲ့ ပုံတွေမှ မတူတာ ဒါပေမယ့် ဘယ်လို ညှိယူလဲဆိုတော့ ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် သူက ဘယ်လိုမြင်လဲ။ သူမြင်တဲ့ဟာကို အကုန်ပြော၊ ကျွန်တော်မြင်တဲ့ဟာကို အကုန်ပြောဆိုတော့ နှစ်ယောက်စလုံးက ငါပြောတဲ့ဟာကိုပဲ သူ လိုက်နာရမယ် ဆိုပြီးတော့ အတ္တမရှိဘူး။ သူပြောတာ ဖြစ်သင့်တယ်ဆိုရင် သူပြောတာကို လက်ခံတယ်။ ကျွန်တော်ပြောတာ ဖြစ်သင့်တယ်ဆို ရင်လည်း ကျွန်တော်ပြောတာကို သူလက်ခံပေးတယ်'' လို့ ဆိုပါတယ်။

Photo: ပြေတီဦး

ရုပ်ရှင်အစည်းအရုံးကို ကျပ်သိန်း ၁၀၀ လှူခဲ့တဲ့ ပြေတီဦး 

ပြေတီဦးဟာ သူစိမ်းနှစ်ယောက် ပေါင်းဖက်လာတဲ့ အိမ်ထောင်ရေးမှာ အမြင်မတူ၊ စိတ်သဘောထားချင်းမတူတဲ့ အပိုင်းတွေရှိတတ်တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

'' လူနှစ်ယောက်က စိတ်သဘောထားချင်းတူနေဖို့ဆိုတာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ မွေးဖွားခဲ့ကြတဲ့ ပတ်ဝန်း ကျင်၊ ကိုယ်ဖြတ်သန်းခဲ့ကြတဲ့ အနေအထား၊ ကိုယ်ကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်း၊ ကိုယ်တွေ့ကြုံရတဲ့ အတွေ့အကြုံပေါ် မူတည် ပြီး တော့ ပြဿနာတစ်ခုအပေါ်မှာ ရှုမြင်တတ်ပုံ၊ ချဉ်းကပ်တတ်ပုံ၊ ထင်မြင်တတ်ပုံတွေ ဘယ်လိုမှကို မတူနိုင်ပါဘူး'' လို့ ဆိုပါတယ်။

Photo: ပြေတီဦး

 

ပြေတီဦးက လက်ရှိမှာ သူ့ရဲ့ မိသားစုဘဝလေး သာယာဖို့အတွက် ဇနီးဖြစ်သူနဲ့ သားသမီးတွေကို စိတ်ချမ်းသာအောင် ထားပေးတယ် လို့ ဆိုပါ တယ်။ အရမ်းကို ချစ်စရာလည်းကောင်း၊ ပျော်ရွှင်စရာလည်းကောင်းတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ်တွေ မရှိသလောက် ပါပဲ။

'' ကျွန်တော်က သူ့ကို ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်။ မိန်းမကြိုက်တာလုပ်၊ ဘာပဲလုပ်ချင် လုပ်ချင် မိန်းမ စိတ်ချမ်းသာရင်လုပ် အဲ့ဒါဆိုရင် ပြဿနာမဖြစ်တော့ဘူး'' ဆိုပြီးတော့ နိုဝင်ဘာ(၂၈) ရက်နေ့က ပြုလုပ်တဲ့"သမီးသမက်ခမည်းခမက်" ရုပ်ရှင်ဇာတ်ကား အထူးပြပွဲမှာ ရယ်ရယ်မောမောနဲ့ ဖြေဆိုပေးခဲ့တာပါ။

Photo:RBV

 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က