AD
AD
AD

3 Girls ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်အထူး ပြသပွဲမှာတော့ ပါဝင်ထားကြတဲ့ အနုပညာရှင်များနဲ့ အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

ဒါရိုက်တာဝိုင်း

______________

ဇာတ်ကားကို ဆက်တဲ့အချိန်မှာလည်း ဒီကားကို ကျွန်တော့် ဒါရိုက်တာသက်တမ်းတစ်လျှောက်မှာ အချိန်တစ်လခွဲလောက် အကြာဆုံးဆက်ခဲ့ ရတဲ့ ဇာတ်ကားပါ။

play

 

အလင်းရောင်

____________

မဖွေး နဲ့ဆိုရင်လည်း ဒီဇာတ်ကားထဲမှာ ပထမဆုံး စဆုံဖူးတာဆိုတော့ မျက်လုံးချင်းစုံတာတောင် ကြောက်တယ်။ ကိုယ့်ထက် စီနီယာတွေ၊ ဝါရင့်တွေဆိုတော့ သရုပ်ဆောင်ရမှာ ပြန်ပြီးတော့ မလုပ်ရဲဘူး။ တခြား အိချောပိုနဲ့ ချစ်တာ ကြင်နာတာကတော့ အဆင်ပြေပါတယ်။

play

 

ဖွေးဖွေး

_________

ဇာတ်ဝင်ခန်းတွေ အကုန်လုံးကိုတော့ ကြိုက်ပါတယ်။ အိချောပို မျက်လုံးဖြူဖြူကြီး လုပ်ထားတာတွေဆိုလည်း ဖွေး ကြိုက်တယ်။ လန့်လန့်သွား တယ်။ ပရိသတ်ကိုလည်း ဖွေးအကောင်းဆုံးကြိုးစားထားပါတယ်လို့ပဲပြောချင်ပါတယ်။

play

 

အိချောပို

____________

အိချော ဘယ်အခန်းတွေကို အားရလည်းဆိုတော့ သူငယ်ချင်းအခန်းပေါ့ အစကတော့ အပျော်လေးတွေပေါ့။ သုသု ကိုကျတော့ ကိုယ့်ရဲ့ ခံစားချက်လေးတွေကို မျက်လုံးနဲ့ ပြောပြခွင့်ပဲရှိတာဆိုတော့ သရဲခန်းလေးတွေ ကြိုက်တယ်။

play

 

3 Girls ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တင်ဆက်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အလင်းရောင်၊ အကယ်ဒမီဖွေးဖွေး၊ အိချောပိုနဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD