AD
AD
AD

ရော့ခ်ဂီတအဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ ဂီတမျိုးဆက်တစ်ဦးဖြစ်တဲ့ အဆိုတော် အီတိုးကတော့ ဖခင်နဲ့တူတဲ့ ဂီတလိုင်းဘက်ကို မရွေးချယ်ပဲ ကိုယ်ယုံကြည်ရာ Music တစ်ခုကို ဖန်တီးနေတယ်လို့သိရပါတယ်။ သူဖန်တီးနေတဲ့ Music အပိုင်းကိုလည်း Duwun media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ အခုလက်ရှိကတော့ စတူဒီယိုနဲ့ Production တစ်ခု လုပ်နေပါတယ်။ ပြီးတော့ Art Moving တစ်ခု အဓိက ကျွန်တော့်ရဲ့ ရည်ရွယ်ချက် က ပြောလိုက်ရင်တော့ အဓိပ္ပာယ်မရှိဘူးလို့ထင်ရပေမယ့် အပြောင်းအလဲတစ်ခု ဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ကျတော့ Music တစ်ခုကို  ရွေးချယ်လိုက်ပြီးတော့ အဲ့ဒီနေရာမှာ မနေတော့ပဲ Journey ကြီးတစ်ခုလုံး ခရီးသွားသလိုပဲ ရော့ခ် အပိုင်းလည်းသွားတယ်၊ တခြားအပိုင်းတွေလည်းသွားတယ် နောက်ဆုံး လူတွေကို မျက်စိပွင့်၊ နားပွင့်ဖြစ်သွားမယ့် Art တစ်ခုကို ပေးချင်တယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်ကို ဆွဲဆောင်တဲ့ ဂီတအမျိုးအစားမဟုတ်ပဲ ဆန့်ကျင်တာပါ ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့ အခုလုပ်နေတာကတော့ ပရိသတ်ကို ဆွဲဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက Music ဆိုပြီး သွားတဲ့လူတွေကိုကျတော့ Musician ဆိုပြီးတော့ သွားကြတယ်၊ Art ဘက်ကို သွားတဲ့လူတွေကျတော့လည်း Arteries ဆိုပြီးတော့သွားကြတယ်။ ကျွန်တော်တို့ကျတော့ အဲ့ဒီအရာ နှစ်ခုစလုံးကို ဆန့်ကျင်တယ်။ အဲ့ဒါကိုတော့ Concent လို့ခေါ်တယ် အရာအားလုံးက Concent ပေါ့'' လို့ အီတိုးက ပြောပါတယ်။

play

 

အဆိုတော် အီတိုးကိုတော့ ဇော်ဝင်းထွဋ်နဲ့အတူ ပဲ့ကိုင်ရှင် သီချင်းသီဆိုရင်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူ ဝါသနာပါရာ အနုပညာလမ်းကြောင်းတစ်ခုကို ရွေးချယ် လျှောက်လှမ်းနေတယ်လို့ သိရပါတယ်။

photo: အီတိုးဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD