သူနဲ့ လုံးဝ ကွဲထွက်သွားမယ့် ပုံစံလေးပေါ့။

Bobby Soxer တစ်ယောက် လွှမ်းပိုင်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားအပေါ် အားလည်း အားပေးရင်း ကာရိုက်တာ အပေါ် သုံးသပ်ချက် တွေကိုလည်း ပြောပြခဲ့ပါတယ်။ လွှမ်းပိုင် အနုပညာအလုပ်တွေ မလုပ်ခင်ကတည်းက သူ့ရဲ့ ပရိသတ်ပါ လို့ပြောလာတဲ့ Bobby Soxer က လွှမ်းပိုင်ကို စစ်သားပုံစံ ကာရိုက်တာလေးရိုက်စေချင်တယ်လို့ ဆိုပါတယ်။

 

အဆိုတော် Bobby Soxer က ကြွေ ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်လာရင်း ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ရဲ့ သရုပ်ဆောင်မှု အပိုင်း တွေ အပေါ် သုံးသပ်ပေးခဲ့ပါတယ်။ ပရိသတ်တွေဘက်လည်း လွှမ်းပိုင် အပေါ် တုံ့ပြန်လာမယ့် Feedback တွေကိုလည်း Bobby Soxer က အရမ်းရင်ခုန်နေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

'' ဇာတ်ကား၂ ကားရဲ့ ဖရိန်ကိုက မတူဘူးလို့လည်း ညီမမြင်တယ် ငါ့ကို နမ်းတဲ့ မုန်တိုင်းကကျတော့ Celebrity အင် အားများတယ်၊ ဒီ ဇာတ်ကား ကကျတော့ အချစ်ဇာတ်ကားကိုမှ ရိုးမန့်လေးပေါ့၊ ကြည်နူးပြီး  အသည်းယားဖို့လည်းကောင်းတယ်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ် နောက်ခံ အချစ်ဇာတ်လမ်းကို ကြိုက်တဲ့ ပရိသတ်တွေလည်း ဒီဇာတ်ကားကို လာပြီးတော့ အားပေးစေချင်ပါတယ်'' လို့ ဆိုပါတယ်။

 

Bobby Soxer ဟာ ငါ့ကို နမ်းတဲ့ မုန်တိုင်း ဇာတ်ကားထဲကရော၊ ကြွေ ဇာတ်ကားထဲက လွှမ်းပိုင်ရဲ့ သရုပ်ဆောင်မှုတွေက အပြင်က ပုံစံနဲ့ လုံးဝ ကွဲပြားတယ်လို့ ပြောပါတယ်။ အပြင်က လွှမ်းပိုင်ပုံစံကလည်း ပျောက်သွားတယ်လို့ သူကဆိုပါတယ်။

'' သူက ဒီအတိုင်းပါပဲ မင်းသားဆိုတဲ့ ဂိုက်မျိုးမရှိပါဘူး၊ အပြင်မှာလည်း မရှိပါဘူး။ ဒီအတိုင်းပဲ။ အထဲက ဇာတ်ရုပ်ပုံစံနဲ့ အပြင်က ပုံစံနဲ့ တော်တော် ကွာပါတယ်။ အပြင်က ပုံစံလည်းပျောက်တယ်လို့ ညီမထင်တယ်။ ငါ့ကို နမ်းတဲ့ မုန်တိုင်းမှာရော၊ ကြွေမှာရောပေါ့။ အပြင်မှာ သူက အဲ့ဒီလိုမဟုတ်ဘူး"ဆိုပြီးတော့ ကြွေ ရုပ်ရှင်ကား အထူးပြသပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo:Bobby Soxer Fb

ကြွေဇာတ်ကားထဲက ကာရိုက်တာအကြောင်းပြောလာတဲ့ လွှမ်းပိုင် 

ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ကို Bobby Soxer ရိုက်စေချင်တဲ့ ဇာတ်ရုပ်လေးတစ်ခုရှိပါတယ်။ ဒီကာရိုက်တာကလည်း သူ့ပုံစံနဲ့ လုံးဝ ကွဲထွက်မယ်လို့ ထင်ကြောင်းပြောပါတယ်။ Bobby Soxer ကတော့ လွှမ်းပိုင်ရဲ့ ပရိသတ်တစ်ယောက်ပါလို့ ဆိုပါတယ်။

'' သူ့ကို စစ်ကားရိုက်စေချင်တယ်။ စစ်သားတွေရဲ့ ဆံပင်စတိုင်လ်မျိုးတွေ၊ သူ့ကို မမျှော်မှန်းထားတဲ့ ပုံစံ တစ်ခုပေါ့နော်။ ဒါပေမယ့် သူနဲ့ လိုက်မယ်လို့လည်း ထင်ပါတယ်။ ထက်က သူ ဘာမှ မလုပ်ခင်ကတည်းက  သူ့ရဲ့ ပရိသတ်ပါ။ သီချင်းအခွေနဲ့ ပတ်သက်ပြီးတော့လည်း FG Entertainment နဲ့ စာချုပ်ချုပ်ထားပါတယ်။ တစ်ကိုယ်တော်အခွေအသစ် ထွက်ဖို့ရှိပါတယ်'' လို့ သူကပြောပါတယ်။

Photo:Bobby Soxer Fb

 

Rap အဆိုတော် စုံတွဲလေး လွှမ်းပိုင် နဲ့ Bobby Soxer(ထက်ထက်) တို့ဟာ ချစ်သူသက်တမ်း ၉ နှစ် ပြည့်ပြီးခဲ့ပါပြီ။ နှစ်ယောက်အတူ ဂီတအလုပ်တွေလည်း လုပ်နေသလို နှစ်ယောက်သားပိုင်တဲ့ စီးပွားရေးလေးလည်း လုပ်နေတယ်လို့ သိရပါတယ်။ ဒါကတော့ High Skool Fashion Shop လို့ အမည်ပေးထားတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က