AD
AD
AD
play
ရှိလည်းကောင်း မရှိလည်းကောင်း ရုပ်ရှင်ရိုက်ကွင်းမှ သင်ဇာဝင့်ကျော်နဲ့ သရုပ်ဆောင်သစ် အိုင်မင်း

 

အွန်လိုင်းပေါ်မှာ ဆက်စီကျကျ၊ ခပ်မိုက်မိုက်ပုံလေးတွေ အများစုတင်တတ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ သိပ်မကြာခင်ကလည်း ကော့သောင်းက MTV ရိုက်ကွင်း ပေါ်က ဓာတ်ပုံလေးတွေ အကြောင်းကိုလည်း Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ဒါကတော့ Beach သွားလို့ ရေကူးဝတ်စုံနဲ့ ပုံတွေတင်ဖြစ်တာလေ။ မသွားဖြစ်ရင်တော့ မတင်ဖြစ်ဘူးပေါ့။ အဲ့ဒီတုန်းက ကော့သောင်း သွားဖြစ်တယ်ဆိုတာကလည်း MTV ရိုက်တာပေါ့။ MTV ကလည်း ဒီလိုမျိုး ဘစ်ကနီနဲ့ပဲ သရုပ်ဆောင်ရတာဆိုတော့ ဒီလိုပဲ ဝတ်ပြီးသားလည်း ဖြစ်နေတော့ ရိုက်ရင်းနဲ့ တက်ဖြစ်လိုက်တာပါ။ ရှုခင်းလေးတွေကလည်း လှတယ်လေ၊ ဒါက ကြုံကြိုက်လို့ ရိုက်ခွင့်ရလိုက်လို့ တင်ဖြစ်တဲ့ သဘောပဲ'' လို့ သင်ဇာက ဇွန်လ ၅ ရက်နေ့ ညနေက  ဇာတ်ကားရိုက်ကွင်းတစ်ခုမှာ ပြောခဲ့ပါတယ်။

play
Photo: Thin Zar Wint KyawFb

 

သင်ဇာဝင့်ကျော်ဟာ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်တင်လိုက်တဲ့ ဓာတ်ပုံတွေ၊ စာတွေရဲ့ အောက်မှာ လာဝေဖန်ကြတဲ့ Comment တွေကိုလည်း စိတ်အပန်းဖြေစရာ ဟာသတစ်ခုအနေနဲ့ သဘောထားပြီး ဖတ်တယ်လို့ ဆိုပါတယ်။

'' တချို့ Comment တွေဆို အရမ်းရယ်ချင်တာ၊ စိတ်အပန်းဖြေစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေက ကိုယ့်ကိုချစ်လို့ Troll ကြတာလေ။ မချစ်ရင် ဂရုတောင်မစိုက်ဘဲ အဖက်လုပ်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ Comment တွေ အကုန်လုံး ကတော့ အဓိပ္ပာယ်မျိုးစုံလေးတွေပေါ့နော်။ ဒါပေမယ့် ကိုယ့်အတွက် ဟာသတစ်ခုအနေနဲ့ပဲ သင်ဇာ သဘောထားပြီးဖတ်ပါတယ်။ ဒါက လည်း ပရိသတ်ကို Entertaining လုပ်တဲ့သဘောပါ။ ဘာပဲဖြစ်ဖြစ် သူတို့ ကြိုက်ကြိုက် မကြိုက်ကိုယ့်ဘာသာ ကိုယ်လည်း Entertaining လုပ်တဲ့ သဘောမျိုးပဲ။ ကိုယ့်ဘာသာကိုယ်လည်း ဘယ်နေရာပဲရောက်ရောက် အမြင်ဆန်းစေတဲ့ ဓာတ်ပုံလေးတွေ ရိုက်ပြီး တင်ပေးချင်နေတာ ကိုယ့်ရဲ့ ဆန္ဒပေါ့နော်။'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ ဘစ်ကနီဖက်ရှင်တွေနဲ့ ပတ်သက်ပြီး အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်ကြသူ တွေလည်း ရှိကြပါတယ်။ သင်ဇာက ဘစ်ကနီ နဲ့ ရိုက်ရတဲ့ Photo Shotting နဲ့ ပတ်သက်လို့ သိပ်မငြင်းဖြစ်ဘူးလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ ဖူးပါတယ်။ အကြောင်းကတော့ အသက်ငယ်တုန်း ကိုယ့်ခန္ဒာကိုယ် လှပတဲ့ အချိန်ရိုက်ရတဲ့အတွက်ကြောင့် ဒီပုံရိပ်တွေက ဘ၀ တစ်လျှောက်လုံးမှာကျန်ခဲ့မှာ ဖြစ်တဲ့ အတွက် ရိုက်စရာ ရှိတာ ရိုက်ဖြစ်တာလို့ သင်ဇာက ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တာပါ။

သင်ဇာဝင့်ကျော်ကတော့ အခုလက်ရှိ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီး ရှိလည်းကောင်း မရှိလည်းကောင်း ဗီဒီယိုဇာတ်ကားကို သရုပ်ဆောင် အကယ်ဒမီလူမင်း၊ သရုပ်ဆောင်သစ် အိုင်မင်း၊ ကြည်လဲ့လဲ့ဦး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD