ကိုယ့်စိတ်ထဲရှိတဲ့ စကားတောင် ဒဲ့ပြောလို့မရဘူး။

အဆိုတော် ဆိုဖီယာက မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Sason 3 သီချင်းဆိုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်တွေ က Cyber Bulling နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတာကို တွေ့တယ်လို့ ဆိုပါတယ်။ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့ အပေါ် ပရိသတ်အားပေးမှုက လည်း အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်

Photo: Sofia Facebook

 

အဆိုတော် ဆိုဖီယာက မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Sason 3 သီချင်းဆိုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်တွေ က Cyber Bulling နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတာကို တွေ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်တွေကိုလည်း Duwun  media ကနေပြောပြခဲ့ပါတယ်။

'' Cyber Bulling ဆိုတာကလေ အမေရိကန်အိုင်ဒေါ ပြိုင်ပွဲ လွှင့်ပြီဆိုတာနဲ့ အဲ့ဒီအောက်က Comment တွေကနေတဆင့် ပြောကြတာတွေပဲ။ ဆိုဖီတို့ တုန်းကလည်းအပြောခံရတာပဲ၊ အပြစ်တင်ခံချင်လို့ ဒီပြိုင်ပွဲကြီးကို လုပ်လိုက်တာလေ အပြစ်တင်ခံရမှ၊ ဝေဖန်မှုတွေခံရမှ ဒီ Channel ကြီးက နာမည်ကြီးမှာ ဒါတွေမရှိဘဲနဲ့ ဘယ်လိုလုပ်နာမည်ကြီးမှာလည်း ဆိုဖီထင်တာ'' လို့ သူကဆိုပါတယ်။

Photo: Sofia Facebook

 

Myanmar Idol Sason 3 သီချင်းဆိုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့ အပေါ် ပရိသတ်အားပေးမှုက လည်း အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ဦးအတွက် အကြံပြုစကားကိုလည်း ဆိုဖီယာက Duwun Media ရဲ့ သီးသန့် အင်တာ ဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' မောင်ချို ဆိုထားတဲ့ သီချင်းလေးတွေ နားထောင်ဖူးတယ်၊ အင်္ဂလိပ်သီချင်းလေးတွေဆိုလည်း အရမ်းမိုက်တယ်၊ ပြီးတော့ သူက ချစ်မွှေးပါ တယ်။ ဆက်ပြီးတော့ ကြိုးစားပါ ။ ဖြိုးမြတ်အောင်ကိုလည်း ပြိုင်ပွဲ နောက်ဆုံးကို တီဗီကနေ အားပေးလိုက်ပါတယ်။ ဒါပေမယ့် တစ်ခါမှ မတွေ့ ဖူးတဲ့ ပရိသတ်ထုကို တွေ့လိုက်ရတယ်'' လို့ ဆိုပါတယ်။

ဝက်ခြံတွေ ကုနေရလို့ သရုပ်ဆောင်ဘက်ကို ခဏနားထားတယ်ဆိုတဲ့ ဆိုဖီယာ 

Photo: Sofia Facebook

 

ဆိုဖီယာဟာ လက်ရှိ အဆိုတော်လောကမှာလည်း အောင်မြင်မှု ရရှိနေသူတစ်ဦးပါ။ အနုပညာရှင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခံစားချက် အကြောင်းအရာလေးတွေကိုလည်းပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဝေဖန်မှုတွေ ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

'' ဆိုဖီလေ့လာရလောက်ကတော့ ဒီလောကမှာက ကိုယ့်စိတ်ထဲမှာ ရှိတဲ့ စကားကိုတောင် ကိုယ် ဒဲ့ပြောဖို့ အဆင်မပြေဘူး။ ဘာကြောင့် လည်းဆိုတော့ ကိုယ်က ဒီလောကမှာ ရပ်တည်နေရတာကိုး ပြောချင်တာရှိရင်လည်း ရင်ထဲမှာပဲ ထားလိုက်တယ်။ ကိုယ်ပြောတဲ့ စကားကို လည်း အကောင်းပြောတဲ့သူရှိသလို မကောင်းပြောတဲ့သူလည်းရှိတယ်'' လို့ ပြောပါတယ်။

Photo: Sofia Facebook

 

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက် Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့ အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က