AD
AD
AD
play
Photo: Dphyo Facebook

 

အဆိုတော် Dဖြိုး ကတော့ အခုလက်ရှိမှာ သူ့အပေါ်အရမ်းချစ်တတ်တဲ့ ဇနီးနဲ့ အတူ အရမ်းကို ချစ်စရာကောင်းတဲ့ ၂ နှစ်အရွယ်သားလေး ရှိတဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေးကတော့ သူ့ကို အရမ်းချစ်ပြီး အရမ်းကို တွယ်ကပ်လွန်းလို့ အိမ်မှာ အတူတူရှိနေရင်တောင် ပုန်းနေရတယ်ဆိုပြီးတော့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့် သားလေးနာမည်ကတော့ Alvin ဖြိုးပါ။ သားလေးက ဇွန်လ ၄ ရက်နေ့တုန်းကဘဲ ၂ နှစ်ပြည့်ခဲ့တာပါ။ သူ့ရဲ့ ထူးခြားချက်က တော့ သူ အရမ်းဆော့တယ်။ နောက်တစ်ခုက အဖေကို အရမ်းကပ်တယ်။ အမေနဲ့ အဖေ နှစ်ယောက်ရှိရင် အဖေကိုဘဲကပ်တယ်။ အိမ်မှာ နေရင်းနဲ့ကို သူ့ကိုပုန်းနေရတယ် ကျွန်တော့်ကို တွေ့တာနဲ့ ကုပ်တက်လာတာ ပြီးရင် ရေချိုးလို့လည်းမရဘူး၊ ဘာမှ လုပ်လို့မရဘူး၊ ဘယ်မှ လည်း သွားလို့ မရဘူး။ အတူတူရှိနေရင်တောင် ပုန်းနေရတယ်။ စကားတော့ ပီပီပြင်ပြင်မပြောတတ်သေးဘူး၊ သူပြောတတ်သလို တွေဘဲ လျှောက်ပြောနေတာ ဘာတွေပြောမှန်းလည်း မသိဘူး'' ဆိုပြီးတော့ D ဖြိုးက  ဇွန်လ(၈)ရက်နေ့ သာကေတမြို့နယ် ဘောလုံးအဖွဲ့ ချုပ်တည်ထောင်ခြင်းအထိမ်းအမှတ် ရန်ပုံငွေပွဲက Duwun Meidiaရဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့တာပါ။

play
Photo: Dphyo Facebook

 

အဆိုတော် D ဖြိုးဟာ လူပျိုဘဝမှာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေက အရမ်းကို ပေါ့ပါးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် မိသားစု နဲ့ ဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက အရမ်းကို ရင့်ကျက်နေပြီလို့ ဆိုပါတယ်။

'' လူပျိုဘဝတုန်းကတော့ အရမ်းလွတ်လပ်တာပေါ့နော်။ ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်တွေးတဲ့ အတွေးတွေက အစ ပေါ့ပါးတာပေါ့နော်။ ဒီအလုပ်တစ်ခုကို ကိုယ်လုပ်တယ် မဖြစ်သွားလည်း ကိစ္စမရှိဘူး။  ကိုယ့်အတွက် အေးအေးဆေးဆေးဘဲ။ ဒါပေမယ့် မိသားစုနဲ့ ဖြစ်လာတဲ့အခါကျတော့ ကျွန်တော့်ဆုံးဖြတ်ချက်က ကျလာတာပေါ့။ အဲ့ဒါမျိုးကျတော့ သေသေချာချာဆုံးဖြတ်ရတယ်။ မိသားစုနဲ့ ဖြစ်လာတဲ့ အချိန်မှာ ဆုံးဖြတ်ချက်တွေကလည်း ပိုပြီးတော့ တည်ငြိမ်တယ်၊ ရင့်ကျက်လာတယ်''လို့ သူကဆိုပါတယ်။ D Phyo ဟာ ၂၀၁၆ ခုနှစ်တုန်းက အိမ်ထောင်သက် ၄ နှစ်မှာ သားဦးလေးကို ရခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ အိမ်ထောင်ရေးက ၁၀ နှစ်တာ ကာလကို ရောက်ရှိ လို့လာပါပြီ။

play
Photo: Dphyo Facebook

 

အဆိုတော် D ဖြိုးဟာ ၂၀၁၄ ခုနှစ်က '' ဒီကောင်မလေး အတွက်'' ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးကနေတဆင့် အနုပညာ လောကထဲ ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ''မင်းလေး သိဖို့'' ဆိုတဲ့ သူ့ရဲ့ တေးသီချင်းကလည်း လူငယ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ  D ဖြိုးဟာ အနုပညာအလုပ်တွေနဲ့ တစ်ခဏတာ အဆက်အသွယ်ပြတ်သွားခဲ့ တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေစပြီး အနုပညာအလုပ်တွေကို  တဖြည်းဖြည်း လုပ်ကိုင်လာတဲ့ D ဖြိုးက သီချင်းအသစ်တွေလည်း လုပ်နေပြီလို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD