AD
AD
AD

ဇာတ်ပို့ဇာတ်ရံအလွှာရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်နေရတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်ကတော့ အလွှာကိုယ်စားပြုအနေနဲ့ ရုပ်ရှင်ညီလာခံမှာ တင်ပြပြီးခဲ့တဲ့အချက်အလက်တွေအပေါ် အားရကျေနပ်မှုရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဦးတို့ကတော့ အလွှာအလိုက်ဖြစ်လာတဲ့ အခက်အခဲတွေကို တင်ပြကြပါဆိုတော့ အားလုံးကို Select လုပ်တယ်၊ အဲ့ဒီအထဲကမှ တင်ပြသင့် တင်ပြထိုက်တဲ့ အခက်အခဲတွေကို မူအနေနဲ့ သတ်မှတ်ဖို့တင်ပြကြတယ်။ တကယ်လို့ မူအနေနဲ့သတ်မှတ်လိုက်ပြီဆိုရင် ကျွန်တော်တို့ ဇာတ်ပို့ဇာတ်ရံတွေအတွက်တော်တော်လေး ပြီးပြည့်စုံပြီလို့ထင်ပါတယ်။ တင်ပြခဲ့ပြီးတဲ့ အချက်တွေကိုလည်း အားရကျေနပ်မှုရှိပါတယ်။ ဒါတွေကလည်း မူအနေနဲ့ရှိပြီးသား ဒါပေမယ့် သေသေချာချာ လိုက်နာတာတွေတော့ မရှိသေးဘူး၊ တရားဝင်ဖြစ်သလားဆိုတာလည်း ဦးတို့ မသိသေးဘူး'' လို့ ဆိုပါတယ်။

play

 

ရုပ်ရှင်ညီလာခံမှာ တင်ပြခဲ့တဲ့ အချက်တွေထဲကမှ ဇာတ်ပို့ဇာတ်ရံတွေအတွက် Daily ကြေးအပြည့်ပေးဖို့တင်ပြချက်အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' Daily ခေါ်လိုက်တယ် ရှုတင်ကိုရောက်တယ် ရောက်ပြီးတော့ မရိုက်ဖြစ်ဘူး ပြန်သွားရတယ်ဆိုရင် သူ့ကို Daily ကြေးအပြည့်ပေးဖို့ အစကတည်းကမူကလည်း ရှိပြီးသား ဘယ်သူချမှတ်ခဲ့မှန်းမသိတော့ လိုက်နာမှုမရှိပဲ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းမှုနဲ့ပဲ သွားနေတာ ပြဿနာမဖြစ်တာများပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ပြဿနာဖြစ်တတ်တယ် အစည်း အရုံးအထိရောက်လာတဲ့အချိန်မှာ မူအနေနဲ့ သတ်သတ်မှတ်မှတ်မရှိတဲ့အတွက်ကြောင့် ပြဿနာကိုဖြေရှင်းလို့မရဘူး။ တစ်ယောက်နဲ့တစ်ယောက် ကျေအေးကြဖို့ ပဲဖြစ်သွားတယ်လေ'' လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ဦးဝင်းမြိုင်ကတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေလည်းပါဝင်ရိုက်ကူးလျှက်ရှိသလို ဇာတ်ပို့ဇာတ်ရံအလွှာ ဥက္ကဌ တစ်ယောက်အနေနဲ့လည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo: ဦးဝင်းမြိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD