သရုပ်ဆောင်အကယ်ဒမီထွန်းထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

အကြားအမြင်ဆရာမကြီး E.T ရဲ့ မကွယ်လွန်မီက ဆန္ဒအတိုင်း မိသားစုဝင်တွေက အလှူများစွာ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဆရာမကြီး ကွယ်လွန်ပြီးကတည်းက ကျောင်းဆောင်များစွာ ဆောက်လုပ်လှူဒါန်းခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှစလို့ ယနေ့အလှူမတိုင်ခင်အထိ စုစုပေါင်း သိန်း ၇,၀၀၀ လှူဒါန်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

အကြားအမြင်ဆရာမကြီး E.T ရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့အလှူကို ဒီနေ့ ဇူလိုင်လ ၅ ရက်က မန္တလေးပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာမကြီးရဲ့ ဆန္ဒအတိုင်း အလှူများစွာ ပြုလုပ်နေတာဖြစ်တဲ့အကြောင်းတွေကို  စည်ဖြိုးနဲ့ မိခင်တို့က ပြောပြခဲ့ပါတယ်။

'' သူက မဆုံးခင်ကတည်းက အလှူပေါင်း မြောက်များစွာလုပ်ခဲ့တယ်။ ဘုန်းကြီးကျောင်းတွေ ဆောက်တယ်၊ သံဃာတော်တွေအများကြီး ပံ့ပိုး ပေးခဲ့တယ်။ ဆေးရုံတွေမှာလည်း ဆေးရုံပစ္စည်းတွေ၊ ပြီးတော့ E.T ဆေးရုံ၊ E.T ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ခဲ့တယ်။ အလှူအမျိုးမျိုး လှူဒါန်းခဲ့ဖူးတယ်။ သီလရှင်ကျောင်းဆောက်ချင်တဲ့ သူ့ရဲ့ ဆန္ဒလေးကိုလည်း အန်တီတို့ မိသားစုက ဖြည့်ဆည်းပေးလိုက်ပါပြီ'' လို့ဆိုပါတယ်။

 

ဆရာမကြီး E.T ရဲ့ တူတော်စပ်သူ သရုပ်ဆောင် စည်ဖြိုးဟာ ဆရာမကြီးအတွက် လစဉ်အလှူတွေ လုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက အနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အလှူအတန်းတွေ လုပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

'' မဆွေ ဆုံးသွားပြီးကတည်းက လစဉ်ဒီလိုပဲ အလှူတွေလုပ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းတွေကို အဓိက ထားတယ်ပေါ့။ ကျောင်းမရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ကျောင်းသွားလှူတယ်။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် သိမ်လှူတယ်။ ကုှဋီမရှိတဲ့ ဘုန်းကြီးကျောင်း ဆိုရင် ကုှဋီပေါ့၊ ဒီနေ့ လှူဖြစ်တဲ့ကျောင်းမှာ မယ်သီလရှင်ကျောင်းဆောင်မရှိလို့ ကျောင်းဆောင်လှူဖြစ်တယ်''လို့ စည်ဖြိုးက ပြောပါတယ်။

 

ပရိသတ်အတွက် ရိုးမသွားအောင် ကျားကုတ်၊ ကျားခဲ ကြိုးစားနေတဲ့ စည်ဖြိုး 

အလှူပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင် ထွန်းထွန်းက  အကြားအမြင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းနဲ့ တွေ့ဆုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

'' ကိုစည်ဖြိုးတို့နဲ့ကလည်း ခင်နေတယ်၊ ဆရာမကြီး ဆွေဆွေဝင်းနဲ့လည်း တစ်ခါတွေ့ဖူးပါတယ်။ ဒီနေ့မှာ ဆရာမကြီးရဲ့ မွေးနေ့အလှူရှိတယ် ဆိုပြီးတော့ ဖိတ်ကြားလာတဲ့အတွက် ကိုစည်ဖြိုးတိို့နဲ့ အတူ ကုသိုလ်လာယူဖြစ်ခဲ့တာပါ'' လို့ အလှူကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။

 

အကြားအမြင်ဆရာမကြီး  E.T(ခ) ဒေါ်ဆွေဆွေဝင်းဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်တဲ့သူပါ။  ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနဲ့ အတူ တခြားထိုင်းဝန်ကြီးများကတောင် လေးစား အားထားရသူ ဖြစ်ပါတယ်။ ဆရာမ E.T(ခ) ဒေါ်ဆွေဆွေဝင်းက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က