ဒါပေမယ့် အားကျမိတဲ့ စုံတွဲလေးတွေရှိတယ်။

အလင်းရောင်ရဲ့ အချစ်ရေးကတော့ မိန်းကလေးပရိသတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်မှာပါ။ လက်ရှိမှာတော့ သူက FA တစ်ယောက် မဟုတ်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။



Photo: အလင်းရောင်

 

သရုပ်ဆောင် အလင်းရောင်က သူ့ရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး အခုလို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ တစ်နေ့တာ အချိန်တွေကို အနုပညာအလုပ်က လွဲရင် သူငယ်ချင်းတွေနဲ့ တော်တော်များများ အချိန်ဖြုန်းဖြစ်တာ များတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော့်ရဲ့ နောက်ကြောင်းတွေ အများကြီးပဲရှိတယ်။ စိတ်မပျော်ရွှင်တဲ့အချိန်တို့၊ ရည်းစားနဲ့ကွဲတဲ့ အချိန်တွေမှာ ဘေးမှာရှိနေပေးတာက ကိုယ့်သူငယ်ချင်းတွေပေါ့။ ဒါကြောင့်လည်း သူငယ်ချင်းတွေနဲ့ နေရတာပျော်တယ်။ သူတို့တွေနဲ့ ပေါင်းဖြစ်တယ်။ ရည်းစား ကတော့ တစ်ခါတလေ လိုချင်တာပေါ့နော်။ အဲ့ဒီကနေ နောက်ဆက်တွဲရလာမယ့်ဟာတွေကို မခံစားနိုင်သေးလို့'' လို့ ဆိုပါတယ်။ '' လို့ ဆိုပါတယ်။

Photo: အလင်းရောင်

 

အလင်းရောင်က အခုလက်ရှိမှာ FA တစ်ယောက်မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကြည်နူးနေကြတဲ့ စုံတွဲ လေးတွေကို မြင်ရင် အားကျမိတယ်ဆိုတာကို Be Young အလှကုန်ပစ္စည်းကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့ပါတယ်။

''တစ်ခါတလေတော့ တင်လိုက်တဲ့ဟာမျိုးလေးတွေရှိတယ်။ အတွဲလေးတွေ ဘယ်ကိုသွားကြတယ်၊ ဘယ်လိုမျိုး Ro တယ်ဆိုတာကိုပေါ့။ ဖြစ် တော့ ဖြစ်ချင်တယ် ဒါပေမယ့် ဖြစ်တော့ မဖြစ်နိုင်သေးဘူးပေါ့နော်။ FA မဖြစ်သေး သ၍ပေါ့နော်။ FA ဖြစ်ပြီးတော့ နောက်ထပ် ရည်းစားရ သွားရင် တော့ တစ်ယောက်တည်း မဖြစ်တော့ဘူးပေါ့နော်'' ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။

မာန်တက်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတဲ့ အလင်းရောင် 

Photo: အလင်းရောင်

 

သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အလင်းရောင်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားနေ သူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိ ခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

အလင်းရောင်ဟာဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ "ကံ့ကော်နီ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါသေး တယ်။ ကံကော်နီ ရုပ်ရှင်ဇာတ် ကားမှာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

Photo: အလင်းရောင်

 

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ် ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဆက်လက်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က