AD
AD
AD

အခုလတ်လောဖြစ်ပေါ်နေတဲ့ အနုပညာရှင်တချို့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဟက်ကာတွေက သိမ်းပိုက်သွားခဲ့ပြီး အခုလည်း အဆိုတော်လင်းလင်းရဲ့ အကောင့် အဟက်ခံနေရတယ်ဆိုတာ လင်းလင်းက ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားပြောဆိုခဲ့ပါတယ်။

play

 

''ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီရက်ပိုင်းထဲ ၅ ခါရှိပြီ,, ကျနော့် အကောင့်ကိုဟက်တယ်ထင်တာဘဲ,,နိုင်ငံရေး , အနုပညာ , စီပွားရေး , လူမှုရေးစသဖြင့် ဘာကိစ္စမှ ကျနော် သောက်တင်းမပြောတက်ပါဘူး,,ကွယ်ရာမှာလဲ စောက်ဖောင်းထုတက်တဲ့ လူမျိုးမဟုတ်ဘူး,,ကိုယ့်လုပ်စရာရှိတာ လုပ်တယ်,,မကျေနပ်ရင် အပြင်မှာ ဒဲ့ရှင်းတယ်စကားနဲ့ရှင်းမရရင် မျက်နှာချင်းဆိုင် ဒဲ့ရိုက်တယ် ,,အဲဒါမောင်လင်းလင်းဘဲ '' လို့ဆိုပါတယ်။

play

 

အကောင့်ဟက်ခံရတာကို သိတဲ့ လင်းလင်းက သမီးလေးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေရှိတာကြောင့် အကောင့်ပြန်ပေး ဖို့ပြောဆိုခဲ့ပါတယ်။

'' လူထုခေါင်းဆောင်သွားတဲ့လမ်းကို သံသယမထား ဖြောင့်ဖြောင့်လိုက်တယ်,ခိုင်းတာလုပ်တယ်,သီချင်းရေးတယ် သီချင်းဆိုတယ်,, စာဖတ်စာရေး ဒီလောက်ပါဘဲ,ကျနော်လဲ ဆိုရှယ်နည်းပညာတွေ ကျွမ်းကျင်တာမဟုတ်ဘူး,,အာရုံမနောက်ပါနဲ့,,Password တွေလဲ ဘာမှမချိန်းဘူးဟက်သွားမိရင်လဲ မက်စင်ဂျာမွှေးနှောက်ပြီး ပြန်ပေးပါ,ကျုပ်သမီးတွေရဲ့ မမ်မိုရီတွေ အများကြီးရှိလို့ပါ'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကိုပိုင်ဆိုင်ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။

Photo: လင်းလင်း ဖေ့စ်ဘုတ်အကောင့်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD