ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

စောလားထော်ဝါးက အွန်လိုင်းကိုလည်း နှံ့နှံ့စပ်စပ် မသုံးတတ်တာကြောင့် ပရိသတ် နဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားမပြော ဖြစ်တာကြောင့်လည်း တောင်းပန် စကား ပြောခဲ့ပါတယ်။

Photo: Saw Lar Htaw War Page

 

Myanmar Idol Season 1ရဲ့ Winner တစ်ဦးဖြစ်တဲ့ စောလားထော်ဝါးရဲ့ အနုပညာလှုပ်ရှားမှုတွေကို သိပ်မတွေ့ရတော့ပါဘူး။ သူဟာ မင်းသိနိုင်မလား ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားတာဖြစ်ပါတယ်။ အွန်လိုင်းကိုလည်း နှံ့နှံ့စပ်စပ် မသုံးတတ်တာကြောင့် ပရိသတ် နဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ဒီနောက်ပိုင်းမှာ ကျွန်တော်လည်း ပွဲသိပ်မရှိဘူး၊ မိုးရာသီလည်းဖြစ်တော့လေ နွေရာသီဆိုရင်တော့ ပွဲဆိုရတာတွေလည်း များတယ်၊ တော် တော် လည်း ပင်ပန်းပါတယ်။ အခုချိန်ကျတော့ Studio နဲ့ အိမ်ပဲပေါ့၊ သီချင်းတွေ သွားတီးတယ်၊ သွား ဆိုတယ်၊ ဖေ့စ်ဘွတ်ကိုတောင် အများ ကြီး သိပ်မသုံးတတ်ဘူး၊ ပုံမှန်လေးပါပဲ'' လို့ ဆိုပါတယ်။

Photo: Saw Lar Htaw War Page

 

စောလားထော်ဝါးက တစ်လနေလို့ တစ်ခါတောင် ဖေ့စ်ဘွတ်အသုံးမပြုတတ်ဘူးလို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားမပြော ဖြစ်တာကြောင့်လည်း တောင်းပန်စကားပြောခဲ့ပါတယ်။ သူကိုယ်တိုင်က စကားပြောနည်းတဲ့အကြောင်းကိုလည်း Myanmar Idol Season 1 က သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော်အခုလို နေတာတကယ်တော့ မလုပ်သင့်ပါဘူး၊ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေရမယ်၊ ဖေ့စ်ဘွတ်ပေါ်လည်း အများကြီးတင် ရ မယ်၊ စကားတွေ အများကြီးပြောရမယ်။ ကျွန်တော်ကကျတော့ တော်ကီလည်း သိပ်မပစ်တတ်ဘူး၊ စကားအများကြီးလည်း မပြောတတ် ဘူး။ ဒီအတွက်လည်း တောင်းပန်ပါတယ်၊ နောက်ဆိုလည်း ဒီအတိုင်းပဲ ဆက်နေသွားမယ်လို့ ထင်တာပါပဲ။ ပုံမှန်လေးပဲနေသွားမှာ'' လို့ ပြောပါ တယ်။

Photo: Saw Lar Htaw War Page

Winner ဖြစ်ခဲ့တဲ့ စောလားထော်ဝါး  

Myanmar Idol Season 1 သီချင်းဆိုပြိုင်ပွဲကြီးမှာလည်း စော်လားထော်ဝါးကို ချစ်ကြတဲ့ ပရိသတ်တွေအများကြီးရှိပါတယ်။ သူဟာ တိုင်းရင်း သားတစ်ယောက်ဖြစ်တာကြောင့်လည်း အရမ်းကို ရိုးအေးလွန်းပါတယ်။ သူ့အနေနဲ့ အောင်မြင်မှုရရှိတာထက် ပရိသတ်တွေ သိတယ် ဆိုရင် ကျေနပ်တယ်လို့ ဆိုပါတယ်။

'' လူတိုင်းကတော့ နာမည်ကြီးချင်တာပဲပေါ့နော်၊ ဒါပေမယ့် ဘယ်လို နာမည်ကြီးချင်တာလည်း ဆိုတာမျိုးရှိသေးတယ်၊ နာမည်ကြီးဖို့ကလည်း လွယ်လွယ်လုပ်လို့ရတဲ့ အရာတွေရှိတယ်။ ဒါပေမယ့် ကောင်းတာနဲ့ မကောင်းတာ ကွာတယ်။ အနုပညာအလုပ်ကိုလည်း နာမည်ကြီးချင်လို့ လုပ်တာမဟုတ်သလို ပရိသတ်တွေ သိတယ် ဆိုရုံလောက်နဲ့တင် ဝမ်းသာလှပါပြီ'' လို့ သူကပြောပါတယ်။

Photo: Saw Lar Htaw War Page

 

စောလားထော်ဝါးရဲ့ မင်းသိနိုင်မလား တစ်ကိုယ်တော်တေးစီးရီးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေ ထဲမှာ သီချင်းပေါင်း ၁၄ ပုဒ်ပါဝင်ပြီး ပရိသတ်အားပေးမှုလည်း တစ်ခဲနက် ရရှိခဲ့တာဖြစ်ပါတယ်။ မင်းသိနိုင်မလား သီချင်းကလည်း လူငယ် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။

 

Share

Loading Next Article...
က္က