AD
AD
AD

အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိထားတဲ့ မေဘရဏီသော်ကတော့ သရုပ်ဆောင်ဘက်ကိုလည်း ပရိသတ်တွေရဲ့ အားပေးတိုက်တွန်းမှုကြောင့် ကြိုးစားခွင့်ရခဲ့တယ်လို့သိရပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်လို့ ခံယူချက်သဘောထားကို လည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မေသော့်ကို ဇာတ်လမ်းတွဲလေးတွေ လာကမ်းလှမ်းထားတာတော့ရှိတယ်။ ချက်ချင်းတော့ လက်မခံသေးဘူး ဒါပေမယ့် ကာရိုက်တာမျိုးစုံ ကိုတော့ သရုပ်ဆောင်ချင်ပါတယ်။ ဒါပေမယ့် စစချင်းဆိုတော့ ကိုယ့်အနေနဲ့တကယ်လုပ်နိုင်တဲ့ ကာရိုက်တာလေးကို သရုပ်ဆောင်မယ် ပြီးရင် ကျန်တဲ့ ကာရိုက်တာတွေကိုလည်း သရုပ်ဆောင်သွားမယ်။ လောလောဆယ်တော့ ကိုယ်လက်ခံထားတဲ့ အလုပ်တွေကို အကောင်းဆုံးလုပ် ချင် တယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာအလုပ်အပေါ် ယုံကြည်ချက်ထားတဲ့ မေဘရဏီသော်ကတော့ သရုပ်ဆောင်ဘက်ကိုဆွဲခေါ်ပေးခဲ့တဲ့ Fan တွေကို ကျေးဇူးတင်တယ် လို့ ဆိုပါတယ်။

'' မေသော့် ယုံကြည်ချက်ကတော့ အခုအလုပ်ကို အကောင်းဆုံးလုပ်ရင် ဒီအလုပ်ကနေပြီးတော့ နောင်အနာဂတ်မှာ ကိုယ့်အတွက် ဦးတည်မယ့် လမ်းကြောင်းတစ်ခုကို ပြသွားမယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်အပိုင်းကိုရောက်အောင် ဆွဲခေါ်ပေးခဲ့တဲ့ မေသော့် Fan တွေကို အရမ်းကျေးဇူး တင်ပါတယ်'' လို့ မေဘရဏီသော်က ပြောပါတယ်။

play

 

ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲမှာ ရွှေဇဝါနဲ့ အပြိုင် ရှေ့နေမလေး မေခတ္တာအဖြစ်ပါဝင်သရုပ်ဆောင်သွားမယ့် မေဘရဏီသော်က ဒီဇာတ်လမ်းတွဲထဲမှာ အမှန်တရားအတွက် ဇွဲမလျော့တတ်တဲ့ ရှေ့နေမလေးတစ်ယောက်ရဲ့ ကာရိုက်တာပုံစံအဖြစ်ပါဝင်သရုပ်ဆောင် ထား တယ် လို့ သိရပါတယ်။

Photo: မေဘရဏီသော်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD