AD
AD
AD
play

 

သရုပ်ဆောင်စိုင်းစည်တွမ်းခမ်းတစ်ယောက် အနုပညာအလုပ်တွေထက် စီးပွားရေးကို ပိုပြီးတော့ ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါ တယ်။ အခုလည်း ပရိသတ်တွေ သွားရင်းလာရင်းနဲ့ စားချင်တာလေးတွေ စားနိုင်ဖို့အတွက် လားရှိုးဘက်ကလို Food Court လေး ဖွင့်ဖို့ အတွက်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

'' သူငယ်ချင်းတွေနဲ့ အရင်က စားသောက်ဆိုင်လေးဖွင့်တယ်လေ အခုလည်း ကျွန်တော်တို့  Food Court လေးလုပ်နေပါတယ်။  Food Court က ဆိုင်တွေအများကြီးပါတဲ့ ပုံစံပေါ့နော်  Food Court ပုံမှန်ကတော့ ပလာဇာတို့မှာပဲရှိတာလေ ဒါပေမယ့် ကျွန်တော်တို့  Food Court က လူတွေသွားနေလာနေတဲ့ လမ်းမပေါ်မှာပဲ  Food Court ကို ညဈေးအတိုင်းလုပ်ထားတာ။ လမ်းလျှောက်ရင်းနဲ့ စားလို့ရတဲ့ တုတ်တိုးတို့ ရှိမယ်။ မုန့်ဟင်းခါးတွေစားမယ်၊ ညပိုင်းအပြင်ထွက်ဖြစ်လို့ စားချင်တယ်ဆိုလည်း မိုး နည်းနည်းလေး နောက်ကျတဲ့အထိဖွင့်နိုင်ဖို့ လားရှိုး ဘက်က ညဈေးလို ဖွင့်နိုင်ဖို့ ကြိုးစားနေပါတယ်'' လို့ ဆိုပါတယ်။

play

 

ကိုယ်စွမ်းရှိသလောက် ပရိသတ်တွေအပေါ် စေတနာတွေအပြည့်ထားတတ်တဲ့ စိုင်းစည်တွမ်ခမ်းက Food Court လေးကို ဇွန်လထဲမှာ ဖွင့်သွားမယ်လို့ ဆိုပါတယ်။

'' နောက်လလောက်ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်၊ ဘာလုပ်လုပ်အကောင်းဆုံးပေါ့ ကိုယ်အစွမ်းရှိသလောက်၊ ကိုယ်စေတနာကိုလည်း အပြည့်ထည့်ပြီးတော့ နှစ်ဦးနှစ်ဖက်ကောင်းအောင် ကျွန်တော်အမြဲလုပ်ပါတယ်။ ဒီအလုပ်ကလည်း ညပိုင်း လူတွေ သွားချင်တယ်၊ စားချင်တယ်သောက်ချင်တယ်ဆိုရင် တစ်နေရာတည်းမှာအကုန်ရအောင် ကြိုးစားထားပါတယ်။ City Mart နဲ့ မင်းလမ်းမုန့်တီ ကြားမှာ ဖွင့်မှာပါ'' လို့ သူကဆိုပါတယ်။

play

 

အသားဖြူဖြူ ခန္ဓာကိုယ်တောင့်တောင့်နဲ့ ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ စိုင်းစည်တွမ်ခမ်းကို သူ့ရဲ့ ပရိသတ်တွေက တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေစတင်အားပေးလာတာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားတွေ လည်းရိုက်ကူးခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်အထိ အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပြီး အခုချိန်မှာတော့ စီးပွားရေးကို ဦးစားပေးနေတာကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။

Postby

 

Photo: စိုင်းစည်တွမ်ခမ်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD