AD
AD
AD
play

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော် G Fatt နဲ့ သရုပ်ဆောင်နန်းဆုရတီစိုး တို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာချက်အဖြစ် ပြုပြင်ပြောင်းလဲမှုတွေရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အချစ်ရေးမှာ G Fatt က ၂၄ နာရီအချိန်ပြည့် သဝန်တိုတယ်ဆိုပြီးတော့ မီဒီယာတွေကနေတဆင့် နန်းဆုက ပြောပြခဲ့ပါတယ်။

'' တစ်ယောက်အားနည်းချက်ကို နားလည်ပေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အားသာချက်အဖြစ် ပြုပြင်ပြောင်းလဲပြီးတော့ နားလည်မှုနဲ့ တည်ဆောက်သွားကြတာပဲပေါ့နော်။ တစ်ယောက်လိုအပ်နေတဲ့ ကွက်လပ်ကို တစ်ယောက်က ဖြည့်ပြီးတော့ သွားနေကြ တာဆိုတော့ ထွေထွေထူးထူး ညှိစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အလုပ်ကလည်း အနုပညာအလုပ်တွေ ဖြစ်နေတဲ့ အတွက် နားလည်မှုတွေလည်း အပြည့်ရှိပါတယ်'' လို့ နန်းဆုရတီစိုးက ပြောပါတယ်။

play

အချိန်ပြည့်သဝန်တိုတတ်တဲ့ ချစ်သူနဲ့အတူ ဘဝရှေ့ရေးအတွက် ညှိနှိုင်းတိုင်ပင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

'' ဘယ်အခါမျိုးရယ်မဟုတ်ဘူး သူက အချိန်ပြည့်သဝန်တိုတယ်။ အဲ့ဒါကို မနည်းလျှော့ချနေရတယ်။ ၂၄ နာရီ သဝန်တိုတတ်တယ်။ ရှေ့ရေးအတွက်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတိုင်ပင်မှုမျိုးတွေတော့ရှိတယ်။ နှစ်ယောက်အတူတူ သီချင်းတွေ လုပ်ဖို့ လည်း ရှိလာနိုင်ပါတယ်"လို့ နန်းဆုရတီစိုးက မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

 

ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို အထူးတလည်ဖော်ပြလေ့မရှိတဲ့ နန်းဆုရတီစိုးက သူတို့ အချစ်ရေးနဲ့ပတ်သက်ပြီး အသေးစိတ်ကအစ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာတယ်တဲ့။

'' နန်းဆုက ဟိုးအရင်ကတည်းက Parsonal နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တင်လေ့တင်ထကတော့ မရှိပါဘူး။ အဲ့ဒီတော့ သိပ်ပြီး ပြောဖြစ်တာလည်းမရှိဘူး၊ ဒါပေမယ့် ပရိသတ်တွေက ဘာလေးပဲလုပ်လိုက် လုပ်လိုက် အသေးစိတ်ကအစ သူတို့ သိတယ်၊ စိတ်ဝင်စား ကြတယ်ဆိုတော့လည်း ပျော်ပါတယ်။ ကိုယ့်ကို ချစ်ပေးကြတဲ့အတွက်ကလည်း ဝမ်းသာပါတယ်'' လို့ သူကဆိုပါတယ်။

play

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Postby

 

photo: နန်းဆုရတီစိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD