ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါ။

G-fatt တစ်ယောက် နန်းဆုနဲ့အတူ ဘယ်တော့လက်ထပ်ဖြစ်ကြမလဲဆိုတာကို ပြောပြခဲ့ပါတယ်။ နှစ်ယောက်စလုံးရဲ့ ရိုမန့် တစ် ဆန်တဲ့ ချစ် ခြင်းလေးတွေကိုလည်း အကယ်၍လက်ထပ်ဖြစ်ကြရင် ဆိုတဲ့ သီချင်းလေးထဲမှာ စိတ်တိုင်းကျ ဖန်တီး သွား မယ် လို့ ဆက်လက်ပြောပြလာ ပါတယ်။

Photo: G-Fatt Facebook

 

အဆိုတော် G-fatt တစ်ယောက် '' အကယ်၍ လက်ထပ်ခဲ့ကြရင်'' ဆိုတဲ့ သီချင်း MTV လေးမှာ ချစ်သူ နန်းဆုရတီစိုးနဲ့ အတူ ရိုမန့်တစ် ဆန်ဆန် လေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒီ MTV လေးတွေကို သေသေချာချာလေး စီစဉ်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အိုင်ဒီယာလေးကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြလာပါတယ်။

'' ရိုတယ် ဆိုတာထက် ကိုယ်ပုံဖော်ချင်တာပေါ့နော်။ အဓိက ရေးထားတဲ့ သီချင်းကလည်း ရိုမန့်တစ်ဆန်ဆန် ရေးထားတာကိုး၊ ကျွန်တော် ဖန်တီးတဲ့ အချိန်မှာလည်း အဲ့ဒီအပိုင်းကို မလျှော့စေချင်ဘူး။ အဲ့ဒီအတွက် သေသေချာချာလေး စဉ်းစားပြီးတော့ ရေးထားတာပေါ့။ အကယ်၍ လက်ထပ်ဖြစ်ခဲ့ကြရင်တော့ တွေ့ရပါမယ်''လို့ သူကဆိုပါတယ်။

Photo: G-Fatt Facebook

G Fatt က အချိန်ပြည့် သဝန်တိုတတ်တာလို့ ပြောလာတဲ့ နန်းဆုရတီစိုး 

သူတို့ ချစ်သူနှစ်ဦးကိုတော့ အားကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာဖြစ်တဲ့ အတွက် အဆင်ပြေပြေရှိကြတယ်လို့ ဆိုပါတယ်။ လက်ထပ်ကြဖို့ အစီအစဉ်ကိုလည်း စက်တင်ဘာလ ၁၄ ရက်နေ့က Pyay Gradan မှာ ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းShow မိတ်ဆက်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

'' လက်ထပ်ဖို့အချိန်တွေ ပြောဖို့ကျတော့ ကျွန်တော်တို့အတွက်က အရမ်းဝေးနေပါသေးတယ်။ အခုကတော့ ကိုယ့်အလုပ်တွေနဲ့ သူ့အလုပ်တွေ နဲ့ ရှုပ်နေတဲ့ ကာလမျိုးဖြစ်တာဆိုတော့ ပြီးတော့ ပရိသတ်တွေနဲ့ ကျွန်တော် ဖန်တီးခဲ့ချင်တဲ့ အမှတ်တရတွေလည်း အများကြီးရှိတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် တွန်းနေရတဲ့ အချိန်ဖြစ်တဲ့အတွက် ဖြေးဖြေးချင်းတော့ အားလုံးကို ပေးသိမှာပါ''လို့ ဆိုပါတယ်။

Photo: G-Fatt Facebook

 

G-Fatt တစ်ယောက် အချစ်နဲ့ တွေ့မှ ပိုပြီး ရင့်ကျက်လာတာလား ဆိုပြီးတော့လည်း ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ သူတို့ နှစ်ဦး ဟာ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးဖြစ်တယ် လို့လည်း ဆက်လက်ပြောပြလာပါသေးတယ်။

'' လူကတော့ အချိန်နဲ့အမျှတော့ ပြောင်းလဲနေတာပဲပေါ့နော်။ အဲ့ဒီအတွက် ကျွန်တော်လည်း ပြောင်းလဲနေတာ ဖြစ်ပါလိမ့်မယ်။ သူလည်း ကျွန်တော့်ကို သူကျွမ်းကျင်တဲ့အပိုင်းလေးတွေက ကျွန်တော့် လိုအပ်ချက်လေးတွေ ဖြစ်နေရင် သူက အကြံကောင်းလေးတွေ ပေးပါတယ်'' လို့ သူကဆိုပါတယ်။

Photo: G-Fatt Facebook

 

အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်းလှပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်ဖိုု့ကောင်းတဲ့ သူတို့အတွဲလေးမှာ G Fattက နန်းဆုအပေါ်မှာ အရမ်းကို သဝန်တို တတ် သူဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က